'ကိုကို ကျွန်တော်အရမ်းဝလာလားဟင်'
ဝတ်ထားတဲ့အစိမ်းနုရောင်ရှပ်လေးဟာ ဗိုက်နားလေးမှာ ကြယ်သီးလေးတွေဟကာ အထဲကဗိုက်ခေါက်လေးက အထင်းသား။သူ့ဗိုက်အိုးလေးသူကိုင်ပြီး လူကိုငိုမဲ့မဲ့နဲ့မေးလာတာကြောင့် ဘုန်းကြွယ်ဌေးခမျာ ရယ်ချင်စိတ်ကို မနည်းချိုးနှိမ်ထားလိုက်ရသည်။မဟုတ်ရင် သူ့ကောင်လေးက စိတ်ကောက်တော်မူဦးမယ်မဟုတ်လား။
'မတရားဘူးဗျာ ကိုကိုလည်းစားတာပဲကို ကျွန်တော်တစ်ယောက်တည်းပဲ ကွက်ပြီးဝလာရလား'
သူအကောင်အထည်ဖော်တဲ့၂ယောက်သား ဝက်ဖြစ်ရေးစီမံကိန်းမှာ အောင်မြင်သွားတဲ့သူက သူပဲဖြစ်နေတော့ ဝက်ပေါက်လေးဟာ ကျေနပ်ပုံမပေါ်။
'မဝပါဘူးကွာ ရံကလည်း'
ပါးကြီး၂ဖက်ဖောင်းကားစူထွက်လာတာရယ် လက်မောင်းလေးတွေတုတ်တုတ်လေးဖြစ်လာတာရယ် ဗိုက်ခေါက်ထူထူလေးနဲ့ ဗိုက်ပူလေးဖြစ်လာတာကလွဲ သိပ်ပြီးခြားနားသွားတာမရှိ။
'ကိုကိုလိမ်နေတာ ကျွန်တော်ဝလာပါတယ်ဆို'
အဂျစ်လေးဟာ သူ့စကားကို ထောက်ခံပြီး ဟုတ်ပါတယ် ခေါင်းငြိမ့်ရင်လည်း စိတ်ဆိုးပေဦးမည်။
'ဝလာလည်း ဘာဖြစ်လဲကွာ လာ ဒီကိုလာပါဦး'
လက်၂ဖက်ကိုဆန့်တန်းကာခေါ်လိုက်တော့ မှန်ရှေ့ကနေ ကုတင်ပေါ်ခြေဆင်းကာထိုင်နေတဲ့သူ့ဆီသို့ လုံးတုံးတုံးနဲ့ပြေးလာလေရဲ့။
'ကြည့်ပါဦး ဖက်ရတာအိစိနေတာပဲ ပါးလေးတွေကဖောင်းနေတာ ဘယ်လောက်တောင် ချစ်ဖို့ကောင်းလိုက်လဲ ဟင်'
ရင်ခွင်ထဲမှာငြိမ်ကုပ်နေလေပြန်တာကြောင့် သူတစ်ချက်ပြုံးလိုက်မိသည်။
'ရံဝလာသည်ဖြစ်စေ ပိန်လာသည်ဖြစ်စေ ရံကကိုကို့အပိုင်ပဲလေ ဟုတ်တယ်မလား အဲ့ဒါကြောင့် ကိုကိုကရံအခုလို ပြည့်ပြည့်လုံးလုံးလေးဖြစ်လာတာကို အရမ်း အရမ်းသဘောကျတယ် အဲ့ဒါကြောင့် ဘာမှခေါင်းထဲမထည့်နဲ့တော့နော် ရံကရံကြိုက်တာစား ပျော်ပျော်နေပေးဖို့ပဲလိုတယ် ကိုကို့အတွက် ဟုတ်ပြီလား'
YOU ARE READING
My First Love is💛
Romanceချစ်ကြည့်ပါ ခံစားကြည့်ပါ ပျော်ရွှင်ကြည့်ပါ ဝမ်းနည်းကြည့်ပါ မင်းကအသက်မဲ့တဲ့ရုပ်သေးရုပ်လေးတစ်ရုပ်မဟုတ်တဲ့အတွက် မင်းဘဝကိုမင်းထုဆစ်ကြည့်ပါ မင်းတကယ့်ပျော်ရွှင်မှုနဲ့လွတ်လပ်မှုကိုခံစားရပါလိမ့်မယ်..... *BL OC Fiction*