'ကို ကလေးကိုထိန်းပါဆို'
အော်ဟစ်ငိုယိုနေတဲ့၃နှစ်အရွယ် သားငယ်ကိုကြည့်ကာ သူမအော်ပြောလိုက်လေသည်။ကလေးကိုချော့ဖို့ကျလည်း သူမလက်ထဲမှာ နို့စို့အရွယ်ကလေးမလေးတစ်ယောက်ကို ပွေ့ချီထားလေရဲ့။
'လာပါပြီကွာသဲရာ အိမ်နောက်ဖေးမှာ ထမင်းအိုးသွားကြည့်နေရလို့ပါ'
Apronပန်းရောင်ကြီးဝတ်ထားတဲ့ အမျိုးသားသည် ငိုနေတဲ့သားငယ်ကိုပွေ့ချီကာချော့မြှူလေသည်။
တင်းတောင်!!!တင်းတောင်!!!
ကြားလိုက်ရတဲ့ဘဲလ်သံကြောင့် အိပ်ပျော်နေတဲ့သမီးငယ်ကိုပုခက်ထဲထည့်ကာ အိမ်ရှေ့ခန်းသို့ သူမအပြေးလေးသွားလိုက်လေသည်။
'ဟာ ကိုကြီးတို့ပါလား'
ကလေးကစားစရာတွေ မုန့်ထုပ်တွေကိုယ်စီနဲ့ တံခါးအရှေ့မှာ မတ်တပ်ရပ်နေကြတဲ့သူ၂ယောက်ကို တံခါးဖွင့်လိုက်သည်နှင့် တန်းမြင်လိုက်ရသည်။
'ငါ့တူနဲ့တူမရော'
'ရှိပါ့ လာ အထဲဝင်ကြလေ ကိုလေးလည်းလာ'
'ဟာ ငါ့တူကြီးဘယ်လိုဖြစ်လို့ အဲ့လောက်ငိုနေရတာတုန်း'
စကားကနောက် လူကအရင် သူ့တူဆီသွားပြီး ချော့မြှူနေလေပြီ။
'ကိုလေးတို့လာမယ်ဆိုတာ ကြိုမပြောဘူးငယ့်ကို'
'အစီအစဉ်မရှိဘူးငယ်ရဲ့ ဒီဘက်ကိုကိစ္စတစ်ခုနဲ့လာရင်း ကလေးတွေကိုလွမ်းတာနဲ့ ဝင်လာတာ'
'ကလေးတွေကိုလွမ်းလို့ပေါ့ ငယ့်ကိုကျတော့မလွမ်းကြဘူးမလား'
ကလေး၂ယောက်မွေးထားတဲ့အမေတဲ့။အပြင်မှာ ဒါကလေး၂ယောက်အမေပါလို့ပြောရင် ဘယ်သူမှယုံကြမှာမဟုတ်။
'ဟား ဒီကကလေးအမေလေးကိုလည်း လွမ်းပါတယ်ဗျာ ငယ့်အတွက် ငယ်ကြိုက်တဲ့ဆိုင်က ချောကလက်ကိတ်တောင်ဝယ်လာသေးတယ်'
'ဟီး ဟုတ်လား အဲ့ဒါတွေ ကိုလေးကိုချစ်တာ'
သွားလေးဖြဲကာပြောလာတဲ့ငယ်ဟာ အခုထိအချွဲလေး။အဲ့ဒါကြောင့် ငယ့်အမျိုးသားသီဟက ငယ့်ကိုတုန်နေအောင် ချစ်တာလည်းမပြောနဲ့။ အင်း သီဟတော့ ကလေး၃ယောက်ထိန်းနေရမယ့်ကိန်းပင်။
YOU ARE READING
My First Love is💛
Romanceချစ်ကြည့်ပါ ခံစားကြည့်ပါ ပျော်ရွှင်ကြည့်ပါ ဝမ်းနည်းကြည့်ပါ မင်းကအသက်မဲ့တဲ့ရုပ်သေးရုပ်လေးတစ်ရုပ်မဟုတ်တဲ့အတွက် မင်းဘဝကိုမင်းထုဆစ်ကြည့်ပါ မင်းတကယ့်ပျော်ရွှင်မှုနဲ့လွတ်လပ်မှုကိုခံစားရပါလိမ့်မယ်..... *BL OC Fiction*