MY🖤(extra-7)

10.5K 593 40
                                    

'ဖုန်တွေ ဘယ်လိုဖြစ်လို့ ဒီလောက်ဖုန်တွေတက်နေရတာလဲ မသိဘူး'

ဗီရိုပေါ်ကဖုန်တွေကို အဝတ်စတစ်ခုနဲ့ ခုံခုကာသန့်ရှင်းရေးလုပ်နေတဲ့ ချစ်လှစွာသော ခင်ပွန်းလေးကိုကြည့်ကာ ဘုန်းကြွယ်ဌေးရယ်လိုက်မိသည်။
JJ clubအရုပ်ဘောင်းဘီလေးနဲ့ အားကျိုးမာန်တက် တစ်အိမ်လုံးကို သန့်ရှင်းရေးလုပ်နေ တာ မနက်မိုးလင်းတည်းက။

'ကဲ ရံ ပြုတ်ကျမယ်လို့ဆိုကွာ ကိုကိုသုတ်ပေးမယ် ဆင်းတော့'

ပြောလိုက်တော့ ချက်ချင်းကိုလှည့်ကြည့်လာတဲ့သူသည် plasticခုံပေါ်မှာ ရပ်နေတဲ့ သူ့ကိုယ်သူသတိရပုံမပေါ် ခြေချော်ပြီးပြုတ်ကျမှဖြင့်။

'ဟာ ရပါတယ်ကိုကိုရ ဒီမှာကြည့် ပြောင်တော့မယ်'

သွားလေးဖြဲကာ ပေတလူးမျက်နှာလေးနဲ့ ပြောလာလေသည်။

'တော်လိုက်တာ အဲ့ဒါဆိုလည်း ပြီးရင်ရေချိုးတော့နော်ရံ ကိုကိုတို့ညစာသွားစားကြမယ်'

'Yes Sir!အာ ဒါနဲ့ကိုကို အိပ်ရာခင်းတွေရော ခြောက်ပြီလား တစ်ခါတည်း ပြန်ခင်းရအောင်လို့'

'အင်း ခြောက်ပြီ ကိုကိုလုပ်ထားပါ့မယ်ကွာ ရံသာ အဲ့ဒါပြီးရင်ရေချိုးတော့ အခုဝတ်ထားတာတွေလည်းမလျှော်နဲ့ ရေပဲချိုးတော့ ကိုကိုပြီးမှလျှော်မယ်'

'ဟာ မဟုတ်တာကိုကိုကလည်းကိုကိုကဘာလို့လျှော်ရမှာလဲ ကိုယ့်ဘာသာလျှော်မှာ'

'ဟောကြည့်!ခုံပေါ်ကနေ အဲ့လိုခုန်ဆင်းရလား ချော်ကျမယ်လေကွာ'

'ဟီး အခုချော်မှမကျဘဲကို'

'အဆိုးလေး ကိုကိုပြောတာနားထောင် ရေပဲအမြန်ချိုး တစ်နေ့လုံး ဘုရားကျောင်းဆောင်ဆေး မီးဖိုချောင်တွေရော အိမ်သန့်ရှင်းရေးတွေရောလုပ်နေတာ ရံအခုတောင်ရေစိုနဲ့နေတာကြာနေပြီ ကိုယ့်အကြောင်းကိုယ်သိ လူကဖြင့် ချူချာတတ်တာကို အခုရေသွားချိုးတော့ လိမ္မာတယ်'

ဆံပင်လေးကိုအသာဖွကာ ပါးတစ်ဖက်ကိုခပ်ဖွဖွနမ်းမိတော့ လူကိုအတင်းတွန်းထုတ်လေသည်။

'မနမ်းနဲ့ ကိုကိုကရေချိုးပြီးသား ကျွန်တော်ကတစ်ကိုယ်လုံး ညစ်ပတ်ပြီး ကြွက်စုတ်ဖြစ်နေတာ မနမ်းနဲ့ဦး ရေချိုးပြီး မွှေးမွှေးလေးဖြစ်သွားမှ နမ်းနော်'

My First Love is💛Where stories live. Discover now