'ဆံချမယ်'
ဆရာတော်ရဲ့အသံကြောင့် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ပြုံးလိုက်ကြရင်း ဆံချမယ့်နေရာသို့ လျှောက်သွားလိုက်လေသည်။
'သား လာ ဆံချမယ်တဲ့ ဆရာတော်ကြီးက'
ဘေးနားကိုရောက်လာကာ Bossလက်မောင်းကိုကိုင်ရင်းပြောလာတဲ့ Bossအမေနဲ့အတူ ဘေးနားမှာပါလာတာက သူမ မမေမြတ်ဟန်။
'ဟုတ်မေမေ လာလေ ရံ'
ဆံချမှာသူကို ကိုယ့်ပါအပါခေါ်နေတာကြောင့် ခစားရံ မျက်လုံးအပြူးသားလေးနဲ့ကြည့်လိုက်မိသည်။
'ဘာကြောင်ကြည့်နေတာလဲ ကလေးရဲ့ ဆံချမယ့်ပဝါကိုင်ရမယ်လေ လာ'
လက်ကိုဆွဲကာခေါ်သွားတဲ့ဘုန်းကြွယ်ဌေးရဲ့နောက်ယက်ကန်ယက်ကန်နဲ့ပါသွားသူက ခစားရံ။
'ဪ ဟုတ်သား အန်တီနဲ့ငယ်လေးနဲ့က မင်းအန်ကယ်ဆံချရင် ပဝါကိုင်ပေးရမှာမို့ သားကြီးအတွက် မေနဲ့မင်းကိုပဲ အကူအညီတောင်းပါတယ်နော်'
လက်ထဲကို ပဝါအဖြူကိုထည့်ပေးရင်း ပြောလာတာကြောင့် ခစားရံ ခေါင်းလေးငြိမ့်ပြလိုက်လေသည်။
'ကဲ သမီးရေ အန်တီသွားလိုက်ဦးမယ်နော်'
အရှေ့မှာမတ်တပ်ရပ်နေတဲ့သူမကို တစ်ချက်ကြည့်ကာ ခပ်ဖွဖွပြုံးပြရင်း ပဝါအနားစတစ်ဖက်ကို ကမ်းပေးလိုက်လေတော့ သူမကပြန်ပြုံးပြလေသည်။
ကိစ္စအားလုံးပြီးသွားသောအခါ သင်္ကန်းဝတ်နှင့် ဆရာတော်ကြီးနဲ့အတူထိုင်နေတဲ့ သူ့ကျောပြင်ကိုခပ်လှမ်းလှမ်းကနေငေးကြည့်ရင်း တစ်ယောက်တည်းထိုင်နေမိသည်။
'တို့နဲ့ စကားခဏလောက်ပြောမလား'
ကြားလိုက်ရတဲ့အသံကြောင့် ခစားရံ မော့ကြည့်လိုက်လေသည်။
'ဒီမှာ ခဏလောက်ထိုင်မယ် ရလား'
ဘေးနားကနေရာကို တစ်ချက်ကြည့်ရင်းပြောလာတာကြောင့် သူ ခေါင်းငြိမ့်ပြလိုက်လေသည်။
'ကိုဘုန်းက ဘုန်းကြီးဝတ်နဲ့တောင် ဥပဓိရုပ်က သန့်ပြန့်နေတာပဲနော်'
ခပ်လှမ်းလှမ်းကBossကိုကြည့်ရင်း ပြောလာတဲ့သူမရဲ့စကားကို ဘယ်လိုတုန့်ပြန်ရမလဲ သူမသိပါ။ပြုံးပြီးပဲ ခေါင်းငြိမ့်ပြရမလား။
YOU ARE READING
My First Love is💛
Romanceချစ်ကြည့်ပါ ခံစားကြည့်ပါ ပျော်ရွှင်ကြည့်ပါ ဝမ်းနည်းကြည့်ပါ မင်းကအသက်မဲ့တဲ့ရုပ်သေးရုပ်လေးတစ်ရုပ်မဟုတ်တဲ့အတွက် မင်းဘဝကိုမင်းထုဆစ်ကြည့်ပါ မင်းတကယ့်ပျော်ရွှင်မှုနဲ့လွတ်လပ်မှုကိုခံစားရပါလိမ့်မယ်..... *BL OC Fiction*