🌹ဝဲဘတ်ရင်ခုန်သံ🌹2ပွင့်

3.3K 267 20
                                    

မျက်လုံးတို့ ပွင့်အလာခဲ့သည်...
စောင့်မျှော်နေသော တစ်စုံတစ်ယောက်က ပြန်ရောက်မလာခဲ့
ညကတစ်ညလုံး ဆိုဖာပေါ်တွင်အိပ်မော ကျနေခဲ့လေပြီး နံနက်5နာရီခွဲ ဆိုမှာနေရောင်ခြည် တို့လင်းစပြု နေပြီးဖြစ်သည်..

ပြန်လာမှ စိတ်ဆိုးပြေအောင် ပြန်ချော့ရမည်လေ

ရေချိုးခန်းထဲတွင် ရေပန်းအောက်ဝင်ကာ တွေးတောနေမိသည်..jiminအမေးကို ပြန်တွေးတောနေမိတယ် "မင်းနဲ့jk ကဘယ်လ်ုဆက်ဆံရေးလဲ တစ်အိမ်ထဲနေ တကုတင်တည်းအိပ်ပြီး ထမင်းတစ်ပန်ထဲတောင်အတူတူ စားကြတာ"သူနှင့်jk၏ ဆက်ဆံရေးမှာ ချစ်သူမဟုတ် သလိုသူငယ်ချင်း ညီအကိုမိတ်ဆွေ တွေလိုဆက်ဆံ ရေးမဟုတ်

ချစ်တယ်ကြိုက်တယ်ရယ်လို့လဲ ဘယ်တုန်းကမှ ဖွင့်ဟပြောဆိုမှုမရှိခဲ့

သူကိုယ်တိုင်ကလည်း မသိ သူတို့နှစ်ယောက်က ဘယ်လိုဆက်ဆံမှုမျိုးလဲ ...
တစ်ယောက်ကို တစ်ယောက် ခေါ်ပြောဆို လောက်သာသာ ဖြစ်နေပါလိမ့်မည်
သေချာတာက..hyungဘတ်ကတော့ မင်းကို ထင်ထားတဲ့ ဆက်ဆံရေးထက် ပိုမယ်ထင်တယ်

ရေချိုးခန်းမှ ပြန်ထွက်လာတော့ အဝတ်စားများရွေး နေချိန် jkဝင်လာသည် လွယ်အိတ်ကို ဖြစ်သလို ဘောဘတ်ပြစ်ပုံကာ ကုတင်ထက် မှောက်ကာ ကားယား လေးလှဲအိပ်နေသည်..

အခန်းထဲတွင် ကျနော်ရှိနေသည်လို့ ပင်မထင် ဘာမျှမမေးချင်တော့ပါ ပစ်ထုတ်ထားသည့် ကျောပိုးအိတ်ကို ကောက်ယူကာ စာပွဲပေါ်တွင် ချထားလိုက်သည်

မနက်စာကို နွားနို့ပူပူနှင့် ပေါင်မုန့်ကင် ကိုပြင်ဆင်ပြီး jkကို ခေါ်ရန်တက်လာခဲ့သည်..
ကုတင်ပေါ်တွင်တော့ မှောက်ရက်လေး အိပ်ပျော်နေတဲ့jk တင်ပါးတစ်ဖတ်လွဲထိုင်ကာ jkမျက်နှာက် ငေးကြည့်နေမိသည်...

အခုတလော ကျနော်jkအား အသေးစိတ် ဂရုမစိုက်ပေးနိုင်ပါ..အလုပ်ကတစ်ဖတ် ဆိုတော့ သူ့မှာအချိန်ကာ သိပ်မရှိတော့ 24နာရီ အလုပ်ကရလျှင် ရသလို လုပ်ဖြစ်နေသည်မို့...

သတိထားမိတဲ့ jkမျက်ကွင်းတွေဟာ ဘာကြောင့်များ ညို နေရပါသနည်း ဟိုတလောကတည်းမှ ကျနော် ဝယ်ထားပေးသည့် creamလိမ်းဆေးဆိုတာ တစ်က်မျှမရော့

ဝဲဘတ်ရင်ခုန်သံWhere stories live. Discover now