🌹ဝဲဘတ်ရင်ခုန်သံ🌹16ပွင့်

1.8K 209 18
                                    

..

..
သူနာပြု ဆရာမလေးက jungkook ကျောနှင့်ရင်ဘတ် ခါးတစ်ဝိုက်ကို ပတ်တီးစည်းပေးနေလေသည်..

တံခါးဝမှာတော့ ဆေးရုံဝတ်စုံလေးနှင့် ရပ်ကြည့်နေတဲ့
Taehyung..  

သူနာပြု ဆရာမလေးက သူမအလုပ်ပြီးတဲ့အခါ..
အခန်းပြင်သို့ ထွက်ခွါသွားတော့မှ..jungkook
နားသို့ ခုံတစ်လုံးဆွဲယူကာ ဝင်ထိုင်ရင်း

"Jungkook သက်သာလား"

" hyungအဆင်ပြေရင် ကျနော်လည်း အဆင်ပြေတယ်"

Jungkookစကားကြောင့် ခေါင်းလေး ငြိမ့်ကာငြိမ့်ကာလုပ်ရင်းပြုံးရင်း..

"ခိုမာဝေါ jungkookie!

Hyungအခေါ်ဝေါ်ကြောင့် jungkook  အံသြ
သင့်သွားသည်..သို့ပေမဲ့ ပြုံးသာပြုံးပြရင် ငြိမ်နေကာ
ကျနော်တို့ နှစ်ယောက်ကြား ခနတော့ တိတ်ဆိတ်
သွားသည်...

ဖွင့်ထားတဲ့ ပြတင်းပေါက်ကို နှစ်ယောက်သာ
ငေးနေကြသည်..အဖြူ ရောင် လွှလွှ တိမ်လေးတွေက
ဟိုတစ်ကွတ် ဒီတစ်ကွတ်နှင့်

အပြာရောင် ကောင်းကင်ကြီးက ရှင်းလင်းကာ
လှပနေသည်...

ဒါ ကျနော်တို့နှစ်ယောက်ရဲ့ နေ့သစ်များလား...

လတ်ဆတ်တဲ့ လေထုတွေကြား ပြေးလွှားလိုက်
ချင်သည်..ချစ်ရသူ လက်ကလေးကို..ဆွဲကိုင်လို့
မလွှတ်စတမ်း ဆုပ်ကိုင်ထားမယ်...

နေ့သစ်တွေမှာ ဘာစူးခလုပ်တွေ ပဲရှိနေ ဟော့ဒီhyungလက်ကို သေချာဆုပ်ကိုင်ပြီး
ကျနော်တို့ စတင်ကြရအောင်....

အချိန်တော်ကြာ သူ့အတွေးနှင့် နစ်မျောကာ အဝေးမှ
မြင်ကွင်းကို ကြည့်ပြီးပြုံးနေတဲ့ jungkook.
ကိုလည်း Taehyungမျက်တောင် မခတ်စတမ်း
ငေးနေခဲ့သည်...

.....

....

"Jimin shi!! သက်သာလားဟင်"

Jiminမျက်နှာ ဖြူ ရော်နေကာ သူမအား မျက်ဝန်းမှိတ်ပြကာ အဆင်ပြေကြောင်းပြသနေသည်..

မျက်ရည်ဥများ ရစ်ဝိုင်းကာ ငေးနေတဲ့ yoomမျက်
ဝန်းများကို  jiminမမှိန်မသုန် စိုက်ကြည့်နေသည်

သူမ..ရေဇလုံထဲမှ အဝတ်ကို ရေညှစ်ကာ jimin
နဖူးထက် ဖွဖွလေး သူတ်ပေးနေသည်..

ဝဲဘတ်ရင်ခုန်သံDonde viven las historias. Descúbrelo ahora