🌹ဝဲဘတ်ရင်ခုန်သံ🌹15ပွင့်

1.8K 222 16
                                    

.......

၁ပတ်ဆိုတဲ့ အတောတွင်းမှာ jungkookအတော်
လေးနေကောင်းလာခဲ့သည် တစ်ခါတလေ ယောင်
ယောင်မှားမှားတွေ ဖြစ်နေတက် သော်လည်း

ဟိုးတစ်ချိန်တုန်းကလို အသိစိတ်မကပ်ပဲ မသောင်း
ကြမ်းတော့..ကောင်းမွန်စွာ နေထိုင်နိုင်ပြီးဖြစ်သည်

"Jungkook..

Taehyungခေါ်သံကြောင့် jungkookလှည့်
ကြည့်လာသည်..တစ်ရက်နှစ်ရက်အတွင်း အမြဲလိုလို
Taehyungအား ပြုံးပြနေတက်သော ကောင်လေး

Taehyungဆေးလုံးအချို့ကို jungkookလက်ထဲ ထည့်ပေးလိုက်သည့်..အခါ..မျက်နှာလေး ရှုံ့တွ ကာမသောက်ချင်သော ပုံစံနှင့် ပေစောင်းစောင်း ကြည့်နေပြန်သည်...

"မသောက်လို့ မရဘူးjungkook!  အဲ့တာမှ ပျောက်မှာပေါ့"

"ကျနော် သောက်မှာပါ"

ဆေးလုံးကို ပါးစပ်ထဲအကုန်ထည့်ပြီး  Taehyungရေခွက်ကို အသင့်ကမ်းပေးသည်
Taehyungပြုံးလိုက်မိပါသည်..

"Hyungအလုပ်သွားတော့မယ်"

"Nae!!ကောင်း ကောင်းသွားပါ hyung!!"

ထိုနောက် Taehyungလည်း အလုပ်သို့ ခြေတင်
ကာလာခဲ့တော့သည်...

Jungkookလည်း..ကုတင်ပေါ်တွင် မလှုပ်မရက်ပဲ
ငြိမ်ငြိမ်လေး ထိုင်နေသည်..

ကိုယ့်ကို အပြစ်သားတစ်ယောက်လို ခံစားရတယ်
ကျနော် ဆိုးခဲ့သမျှ ဘာကိုမဆို သည်းခံပြီး ဒီအချိန်အထိ မညည်းမညူ လေတဲ့.. ကျနော့hyung

Hyung သိပ်ချစ်ဖို့ ကောင်းတယ်..

သူ့အတွေးနှင့် သူတော့ ပြုံးပျော်နေလေရဲ့

Jungkookကုတင်ပေါ် တစ်စောင်းလှဲကာ
အိပ်ပျော်သွားခဲ့လေသည်..

....

Jungkookတရေးနိုးလာတော့..ပြင်တင်းပေါက်မှ
လိုက်ကာစလေးက တစ်ဖတ်ဖတ်နှင့် လွင့်နေပြန်သည်..jungkookထိုလိုက်ကာ စကိုဆွဲဖယ်လိုက်တော့..ကောင်းကင်တစ်ခွင်လုံးမှောင်မဲကာ

လေကြမ်းတွေ တစ်ဝီးဝီး တိုက်ခတ်လျှက်ရှိသည်
Jungkookတိုင်ကတ် နာရီကို ကြည့်တော့..5နာရီခွဲ..

မိုးတွေ ရွာတော့မယ်ထင်တယ်.. Hyungထီး မယူ
သွားလောက်ဘူး..

Jungkookထိုသို့ တွေးရင်း ဖိနပ်ဆင်ဘေးမှ ထီး
တစ်လက်ကို ဆွဲယူခဲ့ကာ..jungkookဆိုင်ကယ်
ပေါ်တက်လိုက်သည်...

ဝဲဘတ်ရင်ခုန်သံWhere stories live. Discover now