Zawgyi...
ကားပေါ်ကိုတက်လာတဲ့ ချစ်သူကောင်မလေးကို...
"Aww...Ray ကိုပြောစရာရှိတယ်"
ခါးပတ် ပတ်ရင်းပြောလိုက်တော့..သိချင်နေတဲ့မျက်ဝန်းလေးတွေနဲ့ပြန်ကြည့်လာတယ်..
"ဘာများလဲ"
"လာမယ့် တနင်္ဂနွေနေ့ လေ.."
"Imm...ဘာဖြစ်လဲ"
"ဟင်...အတိတ်မေ့ချင်ယောင်ဆောင်နေတာလား..သူပဲမနက်ကပြောသွားပြီးတော့..လာမယ့် တနင်္ဂနွေနေ့ အားတယ်ဆို.."
"Aww...အင်း..သူပဲအစမရှိအဆုံးမရှိပြောပြီးတော့..
ဒါနဲ့ boss ကဘယ်အချိန်လာမယ်တဲ့လဲ""နေ့လည်လောက်လာမယ်တဲ့..၁၂ နာရီ ၁ နာရီလောက်ပေါ့"
"Aww...Smart ပါလိုက်ခဲ့နော်"
"လိုက်ခဲ့ရမှာပေါ့..ယောက္ခမ ကြီးနဲ့သွားတွေ့တဲ့ကိစ္စပဲကို...အရမ်းအရေးကြီးတယ်"
"ဟုတ်ပါပြီ"
😏😏😏😏😏
Ray အိမ်ပြန်ရောက်တော့..
"မေမေ...Smart နဲ့ Boss က တနင်္ဂနွေနေ့ နေ့လည်လောက်လာမယ်တဲ့ "
"Aww..ဟုတ်လား.. ဘယ်အချိန်လဲ "
"နေ့လည်ဘက် ၁၂နာရီ ၁ နာရီ လောက်.."
"အေး...ကောင်းပြီ "
ထိုစဉ် ~~
"Ah...အမရေ...အနားယူနေတာလား...သမီးလေးလည်းပြန်ရောက်နေပြီကိုး..."
"ဟုတ်ကဲ့.."
ဝင်လာတဲ့အမျိုးသမီးက Shel အမေဖြစ်ပုံပင်...
ရုပ်ချင်းကတော်တော်ဆင်သည်။
"ဒါက Shel လေ...ကျွန်မသားပါ..အမပဲအမသမီးကိုကျွန်မသားနဲ့..."
Shel အမေစကားမဆုံးခင်...
"ညီမရေ..."
အမေရဲ့ဖြတ်ပြောလိုက်သောစကားကြောင့် Shel ရဲ့အမေသူ့စကားတွေကိုရပ်လိုက်သည်။
"ဘာဖြစ်လို့လဲ အစ်မ...ရက်သတ်မှတ်ပြီးသွားလို့လား.."
"အဲလိုမဟုတ်ပါဘူးညီမရယ်..ပြောရမှာစိတ်မကောင်းပါဘူး..သမီးလေးကသဘောမတူဘူး"
"ဟုတ်လား...သေချာစဉ်းစားပါဦးသမီးရယ်..Shel ကိုယူလိုက်လို့အကျိုးမယုတ်ပါဘူး"
![](https://img.wattpad.com/cover/149220104-288-k454585.jpg)
YOU ARE READING
ကျွန်တော့်ဘဝအတွက်ပေးဆပ်သူ (Completed)
RomanceZawgyi.... ကျွန်တော် ကသူ့ကိုမြင်မြင်ချင်း ချစ်မိသွားတာ ကျွန်တော်တို့နှစ်ယောက်ချစ်သူတွေဖြစ်လာခဲ့ပါတယ် သူက ကျွန်တော့်အသက်ထက်ချစ်မြတ်နိုးရသူလေးပါ သူက ကျွန်တော့်ရဲ့အသက်ကို ကယ်တင်ပေးသွားတဲ့ ကျွန်တော့်ရဲ့တစ်ဦးတည်းေ...