Episode(20)

2.9K 100 2
                                    

Zawgyi...

"ဘာ....."

ညနေတော်တော်နောက်ကျမှပြန်ရောက်လာတဲ့ Smart...

ရုံးခန်းထဲမှာလူတွေစုံနေသည်...boss ရော သူငယ်ချင်းတွေရော....

အားလုံးကသူတို့နှစ်ယောက်ကိုစိတ်ပူနေလို့ ရုံးမဆင်းသေးဘဲထိုင်စောင့်နေကြတာ..

Smart ရဲ့စကားကိုကြားလိုက်ရတဲ့အခါမှာ အားလုံးကအထိတ်တလန့်ဖြစ်သွားကြတယ်...

"Smart ရယ်...မနောက်စမ်းပါနဲ့..."

ငိုသံနဲ့ပြောလာတဲ့ Day ကို Fay ကဖက်လိုက်ပြီး...နှစ်ယောက်သားမျက်ရည်တွေအဆက်မပြတ်ကျဆင်းကုန်ကြတယ်....

"ဒါကသက်သေပဲ..."

Ray ဆုံးသွားတာနဲ့ဘာမှမဆိုင်စွာဝင်ပြောလာတဲ့ boss စကားကြောင့် အကုန်လုံးရဲ့အကြည့်တွေက boss ဆီကိုရောက်သွားကြသည်။

"ငါသူ့ကိုသက်သေပြခိုင်းခဲ့တာ...Smart ကိုချစ်ကြောင်းသက်သေပြလို့ပြောခဲ့တာ..အခုသူကသက်သေပြသွားတာပဲ"

"Boss"

"အားလုံးကငါ့အပြစ်တွေပါ"

"Bossရယ်...ကိုယ့်ကိုယ်ကိုလည်းသိပ်အပြစ်မတင်ပါနဲ့..."

Boss ကို Shine ကနှစ်သိမ့်နေစဉ်...ရုံးခန်းထဲဝင်လာတဲ့လူကြောင့်အားလုံးလန့်သွားရသည်။

သူကတော့ အိမ်ပြန်နောက်ကျနေတဲ့သမီးလေးကိုစိတ်ပူလို့ ရုံးထိလိုက်လာတဲ့ Ray အမေ...

"သမီး..သမီးလေးရော..."

"အန်တီ.."

"သမီး...Fay နဲ့ Day...သမီးတို့သူငယ်ချင်း Ray ရော..သူဘာလို့အခုချိန်ထိအိမ်ပြန်မလာသေးတာလဲ"

ဘာမှတော့မသိသေးပေမယ့် ဝမ်းနည်းအရိပ်အယောင်တွေနဲ့ မျက်ရည်လေးတွေကမျက်လုံးအိမ်ထဲမှာပြည့်နှက်နေသည်။

သမီးလေးဆိုတော့လည်း နည်းနည်းပါးပါး နိမိတ်လေးဘာလေးမြင်ရမှာပေါ့...

"အန်တီ...စိတ်အေးအေးထားပါ... Ray... Ray..ကလေ...နေ့လည်က car accident ဖြစ်ပြီး ဆုံးသွားပြီ..."

မျက်ရည်များကျဆင်းနေပြီး..ငိုသံလေးနဲ့..အားယူပြီးပြောနေတဲ့ Day~~

ကျွန်တော့်ဘဝအတွက်ပေးဆပ်သူ (Completed)Où les histoires vivent. Découvrez maintenant