Zawgyi....
နေမင်းကြီးကတော့ဝံ့ကြွားစွာကောင်းကင်ပေါ်ကိုတက်လာခဲ့တယ်...
နေမင်းကြီးကပြုံးနေလားမဲ့နေလားတောင်မသိနိုင်ပါဘူး...နေရောင်ခြည်ကစူးလွန်းလို့နေမင်းကြီးကိုမျက်နှာချင်းမဆိုင်နိုင်ဘူး...
ဒါပေမယ့် ကျွန်တော်ယုံကြည်ပါတယ်...နေမင်းကြီးလည်းလူသားဖြစ်တဲ့ကျွန်တော်နဲ့အတူ ဝမ်းနည်းနေမယ်လို့လေ...
ကျွန်တော်ညကတည်းကအိပ်မပျော်တာ...မဟုတ်သေးပါဘူး...အိပ်တော့ပျော်တယ်...ပျော်လို့ပဲ Ray နဲ့မေမေကကျွန်တော့အိမ်မက်ထဲကိုရောက်လာတာလေ...ဒါပေမယ့် Ray နဲ့မေမေရောက်လာပြီးကတည်းကကျွန်တော်ကောင်းကောင်းအိပ်မပျော်တော့ဘူး...
အိပ်များပျော်သွားရင်နောက်တစ်ခါ Ray တို့ထပ်လာမလားလို့တွေးပြီးကြိတ်မြိတ်အိပ်ကြည့်ပါသေးတယ်..လုံးဝမရဘူး..ကျွန်တော့်မျက်စိကြီးကြောင်နေပြီးအိပ်မပျော်တော့လို့ Ray တို့လည်းထပ်မလာတော့ဘူး...ကျွန်တော်တစ်ညလုံးငိုထားလို့လားမသိ..မိုးလင်းခါနီးကျတော့ပင်ပန်းပြီးအိပ်ပျော်သွားတယ်...
ဒါပေမယ့်မနက်ရောက်တော့ကျွန်တော့်မျက်လုံးတွေအောင့်ပြီးဖောင်းအစ်နေလေရဲ့....
ကျွန်တော်နဲ့အဖေ Ray အိမ်ကိုထွက်လာကြသည်။
Ray အိမ်မှာဈာပနာလုပ်နေသည်လေ...
အိမ်ထဲဝင်သွားတော့ Ray မိသားစုအချို့ငိုနေကြသည်။အေးပေါ့လေ...ငယ်ငယ်လေးဆိုတော့ဘယ်သူမှဒီလိုဖြစ်မယ်လို့မထင်ထားဘူးပေါ့...
အားလုံးကျွန်တော့်အမှားပါ..ကျွန်တော်သာအသိစိတ်လေးနဲ့လမ်းကူးပြီးကားကိုရှောင်နိုင်ခဲ့ရင် Ray လည်းကျွန်တော့်ကိုကယ်စရာမလိုတော့ဘူး...ဒါဆို Ray အသက်မဆုံးရှုံးတော့ဘူးပေါ့...
အချိန်တွေသာပြန်လှည့်လို့ရရင်အဲနေ့ကိုပြန်လှည့်ချင်တယ်...ကျွန်တော်အားလုံးကိုနားလည်ပေးပြီး ပထမဆုံးသူနဲ့ကျွန်တော်စတွဲတုန်းကလိုဖေဖေ့ကိုသွားပြောရင်ရနိုင်သေးတယ်...
အခုတော့..ကျွန်တော်ကပါဒေါသမထိန်းနိုင်ဘဲသူ့ကိုမပြောသင့်တာတွေပြောခဲ့မိတယ်...
YOU ARE READING
ကျွန်တော့်ဘဝအတွက်ပေးဆပ်သူ (Completed)
RomanceZawgyi.... ကျွန်တော် ကသူ့ကိုမြင်မြင်ချင်း ချစ်မိသွားတာ ကျွန်တော်တို့နှစ်ယောက်ချစ်သူတွေဖြစ်လာခဲ့ပါတယ် သူက ကျွန်တော့်အသက်ထက်ချစ်မြတ်နိုးရသူလေးပါ သူက ကျွန်တော့်ရဲ့အသက်ကို ကယ်တင်ပေးသွားတဲ့ ကျွန်တော့်ရဲ့တစ်ဦးတည်းေ...