Zawgyi....
In the evening~~
Smart နဲ့ Ray ကန်ဘောင်လေးတစ်လျှောက်တွင် လမ်းလျှောက်ပြီး လေညှင်းခံကြသည်။
Ray ဘက်က တိတ်ဆိတ်နေသဖြင့် Smart ဘက်ကစကာ စကားနိဒါန်းချီလိုက်သည်၊
"Ray...ကိုယ်စဉ်းစားခိုင်းထားတာ စဉ်းစားပြီးပြီလား"
Ray က Smart ရဲ့ရုတ်တရက်အမေးကြောင့်
ယောင်ပြီးခေါင်းညိတ်လိုက်သည်။"ဟင်..Ray အခုခေါင်းညိတ်လိုက်တာလား..ဒါဆို..ကိုယ့်ကိုအဖြေပြန်ပေးတော့လေ..."
"ဟင်..ဘာလို့..."
"Ray ပဲစဉ်းစားပြီးပြီဆို..."
"အင်..."
"ကိုယ့်ကိုလက်ခံမလား..လက်မခံဘူးလား"
Ray ကဘာပြောရမှန်းမသိဖြစ်နေရာမှ...မျက်လုံးကိုစုံမှိတ်ချလိုက်ကာ....
"Smart...ဟန်ဆောင်ပန်ဆောင်တောင်မငြင်းတော့ဘူးဆိုပြီး Ray ကိုအထင်တော့မသေးပါနဲ့နော်..အမှန်တော့ Smart ဆီကချစ်ခွင့်ပန်တဲ့စကားကိုကြားချင်နေတာကြာပါပြီ"
"Ray ကို ကိုယ်အထင်မသေးပါဘူး..ဒါဆို..Ray ကကိုယ့်ကိုလက်ခံလိုက်ပြီပေါ့"
"Imm"
"ဒါဆို..ကိုယ်တို့အခုကစပြီးတွဲကြရအောင်. "
"ဟင်..ဒါကတော့မဖြစ်ဘူး...သူဋ္ဌေးက Ray ကိုအလုပ်ဖြုတ်ရင်ဘယ်လိုလုပ်မလဲ"
"အဲဒါကိုစိတ်မပူပါနဲ့...ကိုယ်ပြောလိုက်ရင်ရပါတယ်...ကိုယ်ကမင်းကိုချစ်နေတာပဲကို..."
"Smart..."
"ဟင်..."
"ဘာမှမဟုတ်ဘူး..ခေါ်ကြည့်တာ...ချစ်သူတွေသာဖြစ်သွားတယ်..အမှန်အတိုင်းပြောရရင် Ray သိပ်ယုံကြည်ချက်မရှိဘူး.."
"ဘာမှမဖြစ်ပါဘူး Ray ရယ်..ကိုယ်ရှိပါတယ်.."
"Smart ရှိနေလို့တော်သေးတာပေါ့"
Ray ရဲ့ခေါင်းလေးက Smart ရဲ့ပခုံးထက်ဆီသို့~
Ray ရဲ့ခေါင်းလျှော်ရည်နံ့လေးက Smart ရဲ့နှာခေါင်းကိုလာထိခတ်နေချိန်~
Smart ကငုံ့ပြီး Ray ရဲ့ဆံကေသာလေးတွေထဲ သူ့နှုတ်ခမ်းပါးပါးလေးမြုပ်အောင်အားရပါးရနမ်းရှိုက်လိုက်ပြီး~
Ray ခါးလေးကိုဖက်ကာ~
ကန်ဘောင်လေးပေါ်တွင်လမ်းလျှောက်နေပါသောလရောင်အောက်က ချစ်သူနှစ်ဦး~~
![](https://img.wattpad.com/cover/149220104-288-k454585.jpg)
KAMU SEDANG MEMBACA
ကျွန်တော့်ဘဝအတွက်ပေးဆပ်သူ (Completed)
RomansaZawgyi.... ကျွန်တော် ကသူ့ကိုမြင်မြင်ချင်း ချစ်မိသွားတာ ကျွန်တော်တို့နှစ်ယောက်ချစ်သူတွေဖြစ်လာခဲ့ပါတယ် သူက ကျွန်တော့်အသက်ထက်ချစ်မြတ်နိုးရသူလေးပါ သူက ကျွန်တော့်ရဲ့အသက်ကို ကယ်တင်ပေးသွားတဲ့ ကျွန်တော့်ရဲ့တစ်ဦးတည်းေ...