Episode(19)

2.4K 109 2
                                    

Zawgyi...

"Smart...နေပါဦး..."

ငိုသံသဲ့သဲ့နဲ့ပြောကာ ကျွန်တော့်လက်ကိုနောက်ကလှမ်းဆွဲလိုက်တဲ့ ချစ်သူကောင်မလေး...

ကျွန်တော့်မျက်ရည်တွေကိုမမြင်စေချင်လို့ သူ့လက်ကိုခါချကာ တစ်ဖက်ကမ်းမှာရှိတဲ့ကျွန်တော့်ကားဆီကိုသွားဖို့ လမ်းကူးဖို့ပြင်နေစဉ်...

အနောက်ကိုတွေတွေလေးတစ်ချက်လှည့်ကြည့်လိုက်တော့ မြေပြင်ပေါ်မှာလက်လေးထောက်ကာခွေခွေလေးလဲကျနေတဲ့ကျွန်တော့်ချစ်သူ...ကျွမ်တော်ခါချလိုက်တာတော်တော်ပြင်းသွားပုံပဲ...လဲကျနေသည်။
နောက်မှသတိရတာက သူမနက်ရုံးလာကတည်းကဓာတ်ပုံကိစ္စကြောင့်စိတ်ရှုပ်နေရတာ..သူမနက်စာတောင်မစားရသေးဘူးပဲ...

ဒါတွေကိုတွေးပြီးနှလုံးသားကတဆစ်ဆစ်နာကျင်လွန်းလို့...သူ့ဆီကအကြည့်တွေကိုလွှဲကာ ကားဆီသို့သာလျှောက်လာခဲ့တယ်...

မျက်ရည်လေးတွေနဲ့ 'ငါ့ကိုစိတ်ပျက်သွားပြီလား' လို့တွေးရင်းလဲနေရာကမော့ကြည့်လိုက်တော့ ကားလမ်းမပေါ်ကိုရောက်ခါနီးနေတဲ့သူ့ရဲ့ကျောပြင်လေး....

ချစ်သူရဲ့ကျောပြင်လေးကို ဝမ်းနည်းစွာကြည့်နေရင်းနဲ့ မထင်မှတ်ဘဲမြင်လိုက်ရတာက ချစ်သူဆီကိုအရှိန်ပြင်းပြင်းနဲ့လာနေတဲ့ ကားတစ်စီး...

"မဖြစ်ဘူး...Smart..."

စိုးရိမ်လွန်းလို့ ခွေကျနေတဲ့ခြေထောက်လေးကပြန်မတ်လာပြီးထလိုက်တယ်..

အားအကုန်သုံးပြီး သူ့ဆီကိုအပြေးသွားလိုက်တယ်...

သူကတော့ကားကိုမြင်ပုံမရဘူး...လမ်းမအလယ်ကိုတောင်ရောက်နေပြီ...အဲလိုဖြစ်လို့မဖြစ်ဘူး..

ချစ်သူနားကိုရောက်သွားတော့ကားကလည်းတော်တော်နီးနေပြီ...

ချစ်သူရဲ့ကျောပြင်လေးကိုနောက်ဆုံးအကြိမ်ထိလိုက်ပြီး တစ်ဖက်ကားလမ်းဘက်ကိုတွန်းထုတ်လိုက်တယ်...

သူ့ကိုတွန်းထုတ်လိုက်တဲ့အချိန်မှာပဲ ကျွန်မကိုယ်လည်းလေပေါ်မြောက်တက်သွားတယ်...

     "ဒုံး.." ဆိုတဲ့အသံကြီးနဲ့အတူ မြောက်တက်သွားတဲ့ကျွန်မခန္ဓာကိုယ်...

ကျွန်တော့်ဘဝအတွက်ပေးဆပ်သူ (Completed)Where stories live. Discover now