" အား... ဒါတစ်ကယ်နာတယ်! "" ခန္ဓာကူးပြောင်းရင် မနာဘူးလို့ ဘယ်သူမှလဲ မပြောပါလား... "
" ခ.. ခန္ဓာကူး... ဘာကြီး.. ?
ငါ.. ငါသေသွားတာလား?
နင်ငါ့ကိုသတ်လိုက်တာလား.. ? "" ခဏတာယာယီအတွက်ဆိုရင်တော့...
အင်း... ဟုတ်တယ်.. "" ခဏတာယာယီ... !!? "
" ကိုယ့်ကိုပဲ အာရုံစိုက်ပါ အသဲလေး, မင်းရဲ့ပထမဆုံး အချစ်ဂိမ်းအတွက် လိုအပ်တဲ့ အချက်အလက်မှန်သမျှယူဖို့ တစ်ကြိမ်ပဲ အခွင့်အရေးရှိတာနော်... "
" ချစ်ဖို့လား.. အဟက်.. "
ငါလှောင်ရယ်လိုက်တယ်။"..................... "
" အိုကေ Bob, ငါလိုအပ်တဲ့ အချက်အလက် မှန်သမျှပေးတော့ "
ငါဇစ်မြစ်မသိတဲ့အသံကို တိုက်တွန်းလိုက်တယ်။" ကောင်းပြီ... "
ငါခန္ဓာကူးပြောင်းလာခဲ့တဲ့နေရာက 'စစ်ကျောင်း'ဆိုတဲ့ တရုတ်ရှေးခေတ်ကာလနဲ့တူတဲ့ ရှေးဟောင်းအချိန်ကာလတစ်ခု။ ဒီဂိမ်းရဲ့ အဓိကအမျိုးသမီးဇာတ်လိုက်က လျိုကျားယင်။ သူမက ပထမအဆင့် တရားရေးဆိုင်ရာ လက်ဝဲအမတ်ကြီးရဲ့ သမီး၃ယောက်အနက် အထွေးဆုံးသမီးလေး။ သူမဟာ ကိုယ်လုပ်တော်ရဲ့သမီးဖြစ်နေပေမဲ့ သူမအဖေနဲ့ မိသားစုရဲ့မျက်နှာသာပေးချစ်ခင်ခြင်းကို ခံရသူဖြစ်တယ်။ သူမရဲ့မွေးရာပါပင်ကိုယ်အလှအပနဲ့ ကူကျုံး[1] တီးခတ်နိုင်မှုအရည်အချင်းတွေကြောင့် လျိုကျားယင်ဟာ အဓိကဇာတ်လိုက်မင်းသား ကျွမ်းယီ အပါအဝင် အမျိုးသားတွေရဲ့ အချစ်ကို ရရှိထားသူ။ တော်ဝင်သွေးမနှောတဲ့သူ ဘာထူးခြားမှုမှ မရှိတဲ့သူဆိုရင်ရော ဇာတ်လိုက်မင်းသားဖြစ်လာနိုင်ပေါ့မလား? ဘယ်ဖြစ်လိမ့်မလဲ.. ။ ကျွမ်းယီဟာ ဆောင်းမင်းဆက်ရဲ့ စတုတ္ထမြောက်မင်းသား။ စတုတ္ထမြောက်သားတော်ဖြစ်နေပေမဲ့လို့ အကြီးဆုံးမင်းသားနဲ့အပြိုင် ရာဇပုလ္လင်ကိုဆက်ခံနိုင်ဖို့ ကြိုးစားနေသူ။ ကျွမ်းယီဟာ ချောမောတယ်၊ ပညာကြွယ်ဝတယ်၊ ဥာဏ်ရည်ထက်မြက်တယ် ပြီးတော့ လေးစားစရာလဲကောင်းတယ်။
YOU ARE READING
အချစ်ဂိမ်း (Myanmar Translation)
عاطفيةမင်းဂိမ်းကစားချင်လား? စည်းကမ်းချက်တွေကတော့ ရိုးရှင်းပါတယ်.. တစ်စုံတစ်ယောက်မင်းကို အရူးအမူးချစ်သွားအောင်, မင်းတစ်ယောက်တည်းကိုပဲ သစ္စာရှိအောင်, သူရဲ့ နောက်ဆုံးနေဝင်ချိန်အထိ မင်းတစ်ယောက်ထဲကိုပဲ ဂရုစိုက်သွားအောင် လု...