မူလကျောက်မေရှောင်းဟာ သူမတို့ရဲ့ မင်္ဂလာပွဲနေ့မတိုင်ခင် ၃လလောက်အလိုထိ လင်းဟန်နဲ့ မတွေ့ဖူးခဲ့ပေ။ သူမရဲ့ သတိုးသားကို တွေ့ဖို့ရာ သူမက အော်ဟစ်သောင်းကျန်းနေခဲ့တာကြောင့် မြို့စားကြီးဟာ သူ့ရဲ့ဆိုးသွမ်းလှတဲ့ သမီးကို ဆွဲခေါ်လာခဲ့ရတယ်။ ထိုလူငယ်လေးကို တွေ့တဲ့အခါမှာတော့ သူမ ချစ်မိသွားခဲ့တယ်။ သို့ပေမဲ့ သူမဟာ ဂိမ်းထဲမှာ ရှုံးနိမ့်လို့နေနှင့်ပြီ။ လင်းဟန်ဟာ လျိုကျားယင်အတွက်ခံစားချက်ကို ကျောက်မေရှောင်း သူ့ဘဝထဲသို့ဝင်မလာခင် ၆နှစ်လုံးလုံး မွေးမြူ ထားခဲ့တာကြောင့် ဘယ်အမျိုးသမီးမှ မယှဉ်နိုင်တော့ပေ။ သူ့နှလုံးသားထဲကို အခြားမည်သူမှ မထိုးဖောက်နိုင်ခဲ့ပဲ လျိုကျားယင်အပေါ်ထားရှိတဲ့ သူ့ရဲ့ ခံစားချက်ဟာ မကျိုးမပျက် ပိုပြီးခိုင်မာလာခဲ့သည်။ ထို့ကြောင့် ကျောက်မေရှောင်းပေါ်လာချိန်ရောက်သောအခါ ဂိမ်းက ပြီးဆုံးသွားခဲ့လေပြီ။
ယခုကျောက်မေရှောင်းဟာ ဂိမ်းကို ကြိုတင်သိနေတာကြောင့် လင်းဟန် ငယ်ရွယ်ပြီး အားနည်းနေတဲ့အချိန်မှာ အနိုင်ပိုင်းဖို့ ဆုံးဖြတ်ချက်ချခဲ့တယ်။ သူ့ရဲ့နှလုံးသား အားနည်းနေတဲ့အချိန်မှရွေးပြီး သူမ လင်းဟန်ဘဝထဲကို ဝင်လာခဲ့တယ်။ လူတစ်ယောက်ကို အလဲထိုးဖို့အကောင်းဆုံးအချိန်က အဲ့ဒီလူ အသည်းကွဲနေတဲ့အချိန်ပဲ။ လူမဆန်ဘူး... စက်ဆုတ်စရာ? တစ်ချို့က အဲ့လိုပြောချင်ပြောကြလိမ့်မယ်။ ဒါဆိုရင် ' အချစ်နဲ့ စစ်မှာ မတရားတာမရှိဘူး' လို့ အော်အော်နေကြတာတွေက မမှန်တော့ဘူးလား?
" မေရှောင်း... မင်းအေးနေလား? "
ကျောက်မေရှောင်းသူမရဲ့ အတွေးထဲမှာ နစ်မြောနေစဉ် နွေးထွေးတဲ့အသံလေးဟာ သူမကို လက်ရှိအချိန်သို့ အာရုံပြန်ရောက်စေတယ်။ လွန်ခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်အတွင်း ကျောက်မေရှောင်းဟာ သူမအဖေနဲ့အတူ လင်းမိသားစုဆီ အလည်အပတ်ရောက်လာခဲ့တယ်။ အဲ့လိုလာတဲ့အချိန်တိုင်း လင်းဟန်ဟာ သူမကို တန်ဖိုးကြီးလွန်းလှတဲ့ လင်းမိသားစုပိုင် ပရဝဏ်ထဲခေါ်သွားပြီး သူ့မိသားစု အိမ်တော်မှာရှိတဲ့ ဥယျာဉ်တွေနဲ့ သီးသန့် အဆောင်တွေကို လိုက်လံပြသခဲ့တယ်။ အခုတော့ လင်းဟန်ဟာ သူ့သမီးလေးကို စိတ်ဝင်စားနေတဲ့ပုံပြနေတာကြောင့် မြို့စားကြီးဟာ သူ့သမီးလေးရဲ့ သိက္ခာတရားကို ကြိုတင်ကာကွယ်တဲ့ သဘောနဲ့ မေရှောင်းနောက်ကနေလိုက်ဖို့ အစေခံတစ်ချို့ကို ဂရုတစိုက်ထည့်ပေးလိုက်တယ်။
YOU ARE READING
အချစ်ဂိမ်း (Myanmar Translation)
Romanceမင်းဂိမ်းကစားချင်လား? စည်းကမ်းချက်တွေကတော့ ရိုးရှင်းပါတယ်.. တစ်စုံတစ်ယောက်မင်းကို အရူးအမူးချစ်သွားအောင်, မင်းတစ်ယောက်တည်းကိုပဲ သစ္စာရှိအောင်, သူရဲ့ နောက်ဆုံးနေဝင်ချိန်အထိ မင်းတစ်ယောက်ထဲကိုပဲ ဂရုစိုက်သွားအောင် လု...