လင်းဟန်နဲ့ ကျောက်မေရှောင်းတို့ မြို့စားကြီးရဲ့ မြို့တော်က အိမ်တော်တံခါးဝကို ရောက်တဲ့အခါ အမျိုးသမီးငယ်လေးဟာ အိမ်ထဲအမြန်ပြေးဝင်ချင်ခဲ့တယ်။ သို့သော် သူမဘေးကကိုလောရှည်ဟာ သူမကို တားဆီးလိုက်တယ်။
" လင်းသခင်လေး... "
" မေရှောင်း "
သူတို့ဟာ လူမြင်ကွင်းမှာ မဟုတ်တော့တာကြောင့် လင်းဟန်ဟာ သူ့ရဲ့အလိုမကျချက်ကို မဖုံးကွယ်ထားတော့ပေ။ မေရှောင်း သူ့ရဲ့နာမည်ကို သူမရဲ့နဂိုပုံစံလေးအတိုင်းပေါ့ပေါ့ပါးပါးခေါ်နေစေဖို့ သူအချိန်အတော်ကြာယူခဲ့ရတယ်။ သီးသန့်ဆန်လွန်းလှတဲ့ မေရှောင်း သူ့ဘေးနားမှာ စိတ်သက်သာသာနဲ့ စကားပြောနေနိုင်ဖို့အတွက် ပိုလို့တောင်အချိန်ယူခဲ့ရတယ်။ ဒီလို သူနှစ်ပေါင်းများစွာ ဒုက္ခခံပြီးစောင့်စားလာခဲ့ရတဲ့ အမျိုးသမီးငယ်လေးဟာ သူ့ကို ငြင်းဆန်နေတာမြင်ရတော့ သူ့ရဲ့နှလုံးသားသည်းခြေထဲကနေ တစ်ဆစ်ဆစ်ကိုက်လာခဲ့တယ်။" မင်း... ကိုယ်တို့ရဲ့ သဘောတူညီချက်ကို မေ့သွားပြန်ပြီလား...? "
ဒီတစ်ခါလည်း မေရှောင်း မေ့မနေခဲ့...
" မေရှောင်း... "
လင်းဟန်ဟာ သူမရဲ့ပါးပြင်လေးကို တန်ဖိုးကြီးရတနာတစ်ပါးလို ဂရုတစိုက်ထိတွေ့လိုက်ပြီး...
" ကျေးဇူးပြုပြီး... "" အစ်ကိုဟန်... "
မေရှောင်းရဲ့ နူးညံ့ ချိုမြနေတဲ့ အသံလေးဟာ လင်းဟန်ရဲ့မျက်နှာပေါ်မှာ လင်းလက်တဲ့ အပြုံးကို ဖြစ်ပေါ်စေခဲ့တယ်။လင်းဟန်ဟာ အမျိုးသမီးလေးကို ထွေးပွေ့လိုက်ပြီး သူ့ရဲ့ ရှည်လျားသန်မာတဲ့ ခန္ဓာကိုယ်နဲ့ ထိကပ်ထားလိုက်တယ်။ သူမ သူ့ကို တွန်းထုတ်လိုက်မှာ ကြောက်နေခဲ့တယ်။ သို့သော် သူမရဲ့ ဖြူလျလျပါးပြင်လေး သူ့ရင်ဘက်ပေါ်ထိကပ်လာချိန်မှာတော့ သူဟာ ဖော်မပြနိုင်လောက်တဲ့ ပျော်ရွှင်မှုကိုခံစားလိုက်ရတယ်။ ဒါဟာ ပထမဆုံးအကြိမ်အဖြစ် ဒီအမျိုးသမီးလေး သူ့ကို ချစ်ခင်စွာ တုန့်ပြန်ခြင်းဖြစ်သည်။ သူမရဲ့ညှို့ယူနိုင်စွမ်းအပြည့်ရှိတဲ့ မျက်လုံးလေးတွေထဲ ငေးစိုက်ကြည့်နေရင်း လင်းဟန်ဟာ သူမရဲ့ ညာဖက်မျက်လုံးအောက်နားက မွေးရာပါပန်းပွင့်အမှတ်လေးကို ငုံ့နမ်းလိုက်တယ်။ လူငယ်တစ်ယောက်အနေနဲ့ ဒီလိုအမျိုးသမီးငယ်လေးတစ်ယောက်ရဲ့ နူးညံ့တဲ့ခန္ဓာကိုယ်လေးကို ထွေးပွေ့နေရခြင်းဟာ ဖြားယောင်းခံနေရသလိုခံစားနေရမှာ အသေချာပင်။ သို့သော် လင်းဟန်ကတော့ သူ့ရဲ့အတွင်းစိတ်ထဲက မိစ္ဆာကို ကြိုးစားပြီး နိုင်အောင်တိုက်ခိုက်နေတယ် ဒါမှလည်း သူမ သူ့ကို ကြောက်မသွားမှာ...။ အမှတ်လေးကို ထပ်နမ်းလိုက်ရင်း မေရှောင်းရဲ့ရှေ့မှောက်ဝယ် လင်းဟန်ရဲ့နှလုံးသားလေး ပြင်းထန်စွာ ခုန်ပေါက်နေလေသည်။
YOU ARE READING
အချစ်ဂိမ်း (Myanmar Translation)
Romanceမင်းဂိမ်းကစားချင်လား? စည်းကမ်းချက်တွေကတော့ ရိုးရှင်းပါတယ်.. တစ်စုံတစ်ယောက်မင်းကို အရူးအမူးချစ်သွားအောင်, မင်းတစ်ယောက်တည်းကိုပဲ သစ္စာရှိအောင်, သူရဲ့ နောက်ဆုံးနေဝင်ချိန်အထိ မင်းတစ်ယောက်ထဲကိုပဲ ဂရုစိုက်သွားအောင် လု...