ခန္ဓာအသစ်ကိုဝိညာဉ်ကူးပြောင်းမှီတွယ်ခြင်း:
အခြေခံအကျဆုံးသီအိုရီမှာ အတိတ်ကပြုခဲ့တဲ့အပြုအမူနဲ့ စိတ်ရဲ့စေစားမှုအရ ဝိညာဉ်တစ်ခုဟာ သေဆုံးခြင်းကနေ သူတည်ရှိနေတဲ့ခန္ဓာမှ တခြားခန္ဓာတစ်ခုကို ကူးပြောင်းသွားခြင်းဖြစ်တယ်။လူဝင်စားခြင်း (ဟိန္ဒူ )
ခန္ဓာရဲ့စိတ်စွမ်းအင် (တနည်း ဝိညာဉ်) သည် ခန္ဓာနှင့်အတူမသေဆုံးဘဲ အချိန်ကာလတစ်ခုအထိ လေထုထဲ(ကြားကမ္ဘာ) ၌ ဆက်လက်ရှင်သန်ကြသည်။
ထိုကာလအတွင်း ဝိညာဉ်သည် ခန္ဓာဝင်စားခြင်းအားလေ့လာသည်။
အသက်ရှင်ကျန်ရှိသော ဝိညာဉ်များအပေါ်တင်ရှိသော ကံအကြွေးကိုလည်းပြန်လည်ဆပ်ရသည်။ပြန်လည်မွေးဖွားခြင်း ( ဗုဒ္ဓဘာသာ)
ဦးတည်ရာပြန်လည်လာမှု။ ပြန်လည်တည်ရှိမှု။
တည်ရှိမှုဖြစ်စဉ် စဉ်ဆက်မပြတ်ဖြစ်ပွားခြင်းကို ပြန်လည်မွေးဖွားခြင်းဟုဆိုသည်။
ယခုပြုမူလိုက်သောလုပ်ဆောင်ချက်များသည် လက်ရှိနှင့်အနာဂတ်အပေါ် အကျိုးသက်ရောက်သည်။
…........................................ငါတို့မရနိုင်တဲ့အရာတွေ... အထူးသဖြင့် မရနိုင်မှန်းသိတဲ့ 'အချစ်' ဆိုတဲ့ အရာအတွက် လူတွေ ဘာလို့ စွန့်စားကြလဲ ငါဘယ်တုန်းကမှ နားမလည်ခဲ့ဘူး။ 'အချစ်' ဆိုတဲ့အရာကို ကိုယ်နဲ့အတူ မဝေမျှချင်တဲ့ လူအတွက် လူတွေ ဘာလို့ ခိုက်ရန်ဖြစ်ကြတာလဲ? အရူးတွေ! လူတစ်ယောက်တည်းအပေါ်ကိုပဲ 'သစ္စာ' ရှိတယ်ဆိုပြီး ကိုယ်ဘဝကို ဘာလို့ စတေးခံဖို့ဆန္ဒရှိကြတာလဲ? မိုက်မဲတယ်!
မင်းရဲ့ဖြစ်တည်မှုကိုတောင်'ဂရုမစိုက်' တဲ့ လူတစ်ယောက်အတွက်နဲ့ ဘာလို့ ကိုယ့်ကိုကိုယ် နာကျင်အောင် နှိပ်စက်ကြတာလဲ? လဒူတွေ - (လ ဒ နှစ်ချောင်းငင် ဒူ..လဒူ)"တစ်ခါမှ မချစ်ဖူးတဲ့ လူတစ်ယောက် အနေနဲ့တော့ မင်းအရမ်းဝေဖန်တတ်တာပဲ"
" ဘာကြီး.. ? "
ငါအိပ်ရာပေါ်ကနေမတ်တပ်ထရပ်လိုက်ပြီး ငါ့အခန်းထဲကထူးဆန်းတဲ့အသံ လာရာကို ရှာဖွေနေခဲ့တယ်။
" ဘယ်သူလဲ.. ?"" ငါ့ကိုရှာမနေနဲ့..
မင်းငါ့ကို တွေ့မှာမဟုတ်ဘူး.. "
YOU ARE READING
အချစ်ဂိမ်း (Myanmar Translation)
Storie d'amoreမင်းဂိမ်းကစားချင်လား? စည်းကမ်းချက်တွေကတော့ ရိုးရှင်းပါတယ်.. တစ်စုံတစ်ယောက်မင်းကို အရူးအမူးချစ်သွားအောင်, မင်းတစ်ယောက်တည်းကိုပဲ သစ္စာရှိအောင်, သူရဲ့ နောက်ဆုံးနေဝင်ချိန်အထိ မင်းတစ်ယောက်ထဲကိုပဲ ဂရုစိုက်သွားအောင် လု...