ယခင်နည်းတူ စာသင်ဖို့ခေါ်ထားသည့်ဆရာမသည်
တစ်ရက်တောင်မခံနိုင်ဘဲ သူ့အမေအားနှုတ်ထွက်စကားပြောပြီး အိမ်တော်ထဲကထွက်သွားပြီဖြစ်သည်။စာသင်ခန်း၏ပြတင်းပေါက်တွင် တပ်ဆင်ထားသည့်
ခဲရောင်လိုက်ကာအရှည်ကြီးအား တွန်းဖယ်ကာ သူသည်လည်း
ထိုဆရာမကို လိုက်ကြည့်နေသည်။"တစ်ယောက်တော့
သွားပြန်ပြီ"ဆိုသည့်သဘောနှင့် ဘောင်းဘီအိတ်ကပ်ထဲ
လက်ထည့်ကာ သူကြည့်နေမိတယ်။" Tee Thanapon!နင်နဲ့နင့်အဖေကြား
ငါဘယ်လိုနေရမလဲ?"သူမပြောရင်းနဲ့ Beamရှိရာ စာသင်ခန်းတံခါးကိုဖွင့်ပြီး
ဝင်လာခဲ့သည်။Beamကတော့ ပြတင်းပေါက်ကနေ အဝေးတစ်နေရာသို့ အဓိပ္ပါယ်မဲ့ဆက်ကြည့်နေတယ်။
ဆစ်ခနဲနာလာသော လက်ကောက်ဝတ်ကြောင့်
သူ့လက်ကောက်ဝတ် ဒဏ်ရာရခဲ့သည်ကို ပြန်လည်သတိရလာခဲ့သည်။"သား လက်နာနေတယ်"
သူ့လက်ကို ပြကာ ငိုမဲ့မဲ့နဲ့ပြောနေတဲ့ သူ့သားတော်မောင်က
ကလေးလေးသဖွယ်... မိခင်ဖြစ်နေတော့လည်း ဆူမဲ့စကားတွေ
ပျောက်ရှကာ စိတ်ပူနေပြန်တယ်။" ဘာဖြစ်လာတာလဲ?ပြစမ်းပါအုံး...ဟိုကောင်မလေးတွေ ဆေးဘူးယူလာခဲ့စမ်း...ငါ့နှယ်နော် မဖြစ်သေးဘူး ဆိုင်ကယ်ကိုတော့ ငါတစ်ခုခုလုပ်မိတော့မယ်"
" ဘာလဲ P'Noiလိုပဲ သားဘဝထဲကနေ
ထုတ်ပစ်အုံးမလို့လား?"" အောင်မလေး ပါလာပြန်ပြီ ဒီတNoiတည်း
Noiနေတာပဲ...နင့်ဆိုင်ကယ်ကို ဘာမှမလုပ်ဘူးဟေ့ ရပြီလား
ဘာမှမလုပ်ဘူး"သူ့လက်အား ဆေးထည့်ပေးကာ အခန်းအပြင်သို့ ခပ်သွက်သွက်
ထွက်သွားလေသော သူ့အမေ၏ကျောပြင်အား ကြည့်ကာ"မတရားဘူး"
____________________________သာယာသောညနေခင်းတစ်ခုတွင် ကော်ဖီဆိုင်လေးအရှေ့နား
Kaoကို ကားရပ်ခိုင်းကာ"ကဲKao မင်း ကိုယ့်ပါးဆီကိုသွားလိုက်အုံးနော်...ပြီးတော့
ကိုယ်မှာတာတွေလည်း ပြောလိုက်အုံး""ဟုတ်ကဲ့ပါဆရာ ဒါနဲ့ကျွန်တော် ဘယ်အချိန်လာကြိုပေးရမလဲ"
