#ဒီး...ဒီး#
Forthတစ်ယောက် ဧည့်ခန်းထဲတွင်ရှိသည့်ဆိုဖာထက်တွင်
ခြေပစ်လက်ပစ်ထိုင်နေလေသည်။#ဒီး...ဒီး#
သို့သော်လည်း အဆက်မပြတ်မြည်နေသော တံခါးဘဲလ်သံက အနှောင့်အယှက်ကြီးအလား ....
သူ မထချင် ထချင်နှင့်တံခါးသွားဖွင့်ပေးလေသည်။"ကြာလိုက်တာ Forthရာ "
သူတံခါးဖွင့်ဖွင့်ချင်းဆူပူနေသောMingအား
လက်ပိုက်၍ မျက်မှောင်ကျုတ်ကာ"အချိန်ကိုကြည့် ဒီအချိန်သူများအိမ်ကို
လာလည်ရမဲ့အချိန်လား?""အာ!အခုမှ ဘယ်အချိန်ရှိသေးလို့လဲ...
၉နာရီပဲရှိသေးတဲ့ဟာ....ရော့ယူ ငါtoiletသွားမလို့"သူ့လက်ထဲသို့ ဝိုင်ပုလင်းတစ်လုံးထိုးထည့်ကာ
ရေအိမ်သို့ Mingတချိုးတည်းပြေးသွားသည်။
Forthလည်း တံခါးကိုပိတ်၍ ဆိုဖာပေါ်တွင်
ပြန်ထိုင်နေလေသည်။တအောင့်အကြာမှာတော့
Mingက ဝိုင်သောက်သည့်ဖန်ခွက်၂ခွက်အားယူဆောင်၍
မီးဖိုချောင်ဖက်က ပြန်ထွက်လာလေသည်။"ကျောင်းသားက တော်တော်ဆိုးလို့လား?
ဘာလို့ဒီလောက်ပင်ပန်းတဲ့ပုံဖြစ်နေတာလဲ။"Mingပြောလည်းပြောချင်စရာ သူ့ပုံသည်အလွန်ကိုပင်ပန်းနေသည့်နှယ်...
"အဲ့ကောင်လေးပုံက မဆိုးလှပါဘူးဟ"
Mingပြောလည်းပြော ဖန်ခွက်တို့ကိုချ၍
ဆိုဖာပေါ်တွင်ဝင်ထိုင်လေသည်။ထို့နောက် ဝိုင်တို့ကိုဖန်ခွက်ထဲသို့ငှဲ့နေလိုက်သည်။"အံမယ် မင်းက တစ်ခေါက်တည်းတွေ့တာနဲ့
တန်းသိတယ်ပေါ့ ...လက်လန်တယ်ကွာ...
စာရှင်းပြတာကို နားထောင်သလိုလို မထောင်သလိုလို...
ဘယ်လိုဟာလေးမှန်းကိုမသိ""ဟဟား...မင်းဆရာလုပ်လို့မရတဲ့လူရှိသေးတယ်ပေါ့။ရော့"
Mingကမ်းပေးသော ဝိုင်ခွက်အားယူကာ
"ထားပါ အဲ့ကလေးကိစ္စ ...ဒီအချိန်ကြီးလာတာ
ဘာဖြစ်လို့လဲMing""ငါလား...ဘာမှမဖြစ်ပါဘူး...ဒီတိုင်းပဲ မင်းရဲ့ဆရာဖြစ်တဲ့ပထမဆုံးနေ့အကြောင်းလာစပ်စုရုံပါ"