Helmetအနက်ရောင်လေးနဲ့သူ၏ကြီးမားလှသော အနက်ရောင်တောက်ပြောင်နေသည့်ဆိုင်ကယ်ကြီး၏အရှိန်ကို အမြင့်ဆုံးတင်လျက် ကားကြားတွေထဲသို့ တိုးဝှေ့ကာ မောင်းနေသောသူတစ်ယောက်။မီးနီတွေများပေမဲ့ သူကွေ့ရမည့်နေရာတွေအတွက် အတားအဆီးမရှိ။
ထို့နောက်ဆိုင်ကယ်ကို Chao Phraya မြစ်ကမ်းဘေးနားတွင်
ရပ်လိုက်သည်။ညနေစောင်းနေပြီဖြစ်သောကြောင့်
အားကစားလုပ်နေသည့်လူအချို့လည်း ရှိနေသည်။
မြစ်ထဲတွင် ရွက်လွှင့်နေတဲ့အပျော်စီးသင်္ဘောအချို့လည်းရှိပြီး
အရမ်းကိုသာယာနေသည်။သို့သော် သူ့စိတ်ထဲမှာတော့
ရှုပ်ထွေးနေလေရဲ့{မင်း ဒီနှစ်တော့အထက်တန်းအောင်သင့်ပြီ...
ပထမတစ်နှစ်ကျသွားတယ်ဆိုတာလက်ခံပေးလို့ရပေမဲ့
နောက်တစ်ခါဆိုတာတော့မရဘူးနော်Beam....
ငါတို့ဂုဏ်သိက္ခာတွေကို ကျဆင်းအောင်မလုပ်ပါနဲ့......}Beam's p.o.v>>>P'Noiကိုတော့ Guideအဖြစ်ပြန်ခေါ်ပေးမယ်လို့မပြောဘူး...
ဒီပန်းခြံကဲ့သို့သော Chao Phraya မြစ်ကမ်းဘေးနားလေးမှာ
လွန်ခဲ့တဲ့၂နှစ်ကတည်းက သူ့ပါးက သူ့ကိုဆူလိုက်ရင်ပဲဖြစ်ဖြစ် စိတ်ရှုပ်စရာရှိရင်ပဲဖြစ်ဖြစ် ရောက်လာတတ်သည့်နေရာလေး
တစ်ခုဖြစ်သည်။လတ်ဆတ်တဲ့လေတွေကိုခံစားရင်း မြစ်ရေပြင်ကိုကြည့်ကာ သူ့စိတ်ထဲ ဘာမှမတွေးဘဲနေလိုက်ခြင်းက သူ့အတွက်ငြိမ်းချမ်းစေသည်။
ထို့နောက် ဆိုင်ကယ်အား အိမ်တော်ရှိရာဖက်သို့ ပြန်လှည့်ကာ
အရှိန်နှုန်းကို နှေးကာမောင်းလာလိုက်သည်။သို့သော် ကားတွေကြားထဲတိုးဝှေ့ဝင်တတ်သည့် သူ့အကျင့်အရတော့
တိုးဝှေ့လို့ကောင်းစဲ။အိမ်တော်နဲ့မနီးမဝေးတစ်နေရာ
အရောက်မှာတော့ အနက်ရောင်ကားတစ်စီးနဲ့ဝင်တိုက်မိကာ
ဆိုင်ကယ်နဲ့အတူလဲကျသွားပါတော့သည်။တိုက်မိသည်ဟု
ခေါင်းစဉ်တပ်မရ အဘယ်ကြောင့်ဆိုသော် သူကမီးနီလို့
ရပ်ထားသည့်ကားကို သူကသာဝင်တိုက်ခြင်းပင်ဖြစ်လေသည်။Beamတစ်ယောက်လမ်းဘေးက လမ်းလျှောက်သွားနေသည့် ကောင်မလေးတွေကို မျက်လုံးအစာကျွေးရင်းဆိုင်ကယ်စီးနေ
မိသည်။ထိုအခါသူ့မျက်လုံးထဲ အတိုအပြတ်နဲ့တိုးဝင်လာသည့် ကောင်မလေးတစ်ယောက်ကြောင့် အရှေ့က ကားကိုတောင်
မတွေ့နိုင်တော့ပဲ အနောက်ကနေဝင်ကြုံးမိတော့သည်။လဲကျသွားတဲ့ဆိုင်ကယ်နဲ့အတူ သူ့လက်ကောက်ဝတ်လည်း နာကျင်သွားလေသည်။ထိုကား၏ရှေ့ခန်းကနေ
ဝတ်စုံပြည့်ဝတ်ထားသည့်လူတစ်ယောက်ကဆင်းလာကာ
သူ့ကိုတစ်ချက်ကြည့်ပြီးကားနောက်ခန်းကို ပြေးသွားလေသည်။ရပ်ထားတဲ့ကားကိုဝင်တိုက်မိပေမဲ့ လဲကျနေတဲ့သူ့ကိုတော့
ထူပေးသွားသင့်သည်ဟုတွေးကာ ထိုယောက်ယက်ခပ်နေသော
သူအား ထိုင်နေရက်ပင် သူ့လက်ကောက်ဝတ်လေးကိုင်ရင်း
ကြည့်နေမိသည်။ထိုလူက သူ့အနားကိုပြန်ရောက်လာကာ