"စာသင်ပေးရမယ်"
ဧည့်ခန်းထဲရှိ ဆိုဖာပေါ်တွင် ထိုင်ကာForthတစ်ယောက် Mr.Thanaponပြောသော အကြောင်းအရာအား သူစဉ်းစားနေမိသည်။ထိုသူ၏ သားတော်မောင်အဆိုးလေးအား
စာသင်ပေးရမည့်အလုပ်ကို သူလက်ခံသင့် မသင့်စဉ်းစားနေခြင်းဖြစ်သည်။"ကဲ အိမ်ကိုလည်း မလာဘူး...ဒီတစ်ထွာတစ်မိုက်အိမ်လေးထဲမှာ
တော်တော်ပျော်နေလားAi'Forth"ပေ၆၀ပတ်လည်လောက်ရှိသော အိမ်ကို ကြည့်၍ တစ်ထွာတစ်မိုက်ဟု ပြောနိုင်သူမှာ အခြားသူမဟုတ်။Forth၏
ချစ်လှစွာသော မား"ဟင် မား...ဘယ်လိုလုပ်ရောက်လာတာလဲ"
"ကားစီးပြီး ရောက်လာတာပေါ့...စာမလာ သတင်းမကြားဘူးလေ။ဖုန်းဆက်ပါဆိုလည်း မဆက်ဘူး။"
"အာ မားကလည်း ကျွန်တော်ဒီရက်ပိုင်း Shareအသစ်တွေဝယ်နေလို့ အလုပ်နည်းနည်းရှုပ်သွားတယ်။
အဲ့တာကြောင့်ပါ...လာလာ ဒီမှာထိုင်""ပြောလိုက်ရင် အဲ့ဒီအတိုင်းပဲ နင်အလုပ်မရှုပ်တဲ့အချိန်ကော
ရှိလို့လား""တောင်းပန်ပါတယ်နော် နော်လို့ စိတ်ဆိုးနေလားမဒမ်..."
သူ့အမေ ဘေးနားတွင် လက်အုပ်ချီကာ တောင်းပန်နေသော
Forthမှာ မိခင်အားချွဲနေသည့် ကလေးပေါက်စလေးသဖွယ်။အလုပ်တွေရှုပ်နေသောကြောင့် သူ့မိဘတွေဆီ မရောက်ဖြစ်။"ငါ့မှာ နင့်ဆီလွှတ်လိုက်တဲ့ အဒေါ်ကြီးဆီကနေ သတင်းနားထောင်နေရတယ်။ပြီးတော့ အဲ့အဒေါ်ကြီးကိုလည်း
တစ်ပတ်ကို ၃ရက်လောက်ပဲ အိမ်ရှင်းဖို့လာဆိုပြီး ပြောလိုက်တယ်ဆို""ဟုတ်...အိမ်က သိပ်မှမရှုပ်တာ...နေ့တိုင်းလာတော့ အလုပ်လုပ်ရတာ အနှောင့်အယှက်ဖြစ်တာပေါ့"
"အလုပ် အလုပ်...သူများတွေကြားရင်မပြည့်စုံလို့ ငွေတွေသိမ်းကျုံးရှာနေသလိုပဲForth"
သူ့အမေကို ပြုံးပြနေမိသည်။ပြီးတော့ သူတွေးနေသည့် အကြောင်းကိုလည်း တစ်စွန်းတစ်စမေးမိသည်။
"ကျွန်တော့်ကို အသိတစ်ယောက်က သူ့သားလေးကိုစာသင်ပေးဖို့ပြောနေတယ်မား...အဲ့တာ"