Forthတစ်ယောက် Beamခေါ်ဆောင်ရာသို့
အနောက်ကနေတိတ်တဆိတ်လိုက်ခဲ့သည်။
Beamကလည်း စာကြည့်ခန်းအဖြစ်ပြုလုပ်ထားသည့်အခန်းကို
အနောက်လှည့်တကြည့်ကြည့်နှင့် ခေါ်ဆောင်သွားခြင်း
ဖြစ်သည်။အခန်းတံခါးအားဖွင့်ကာ ဝင်သည်နှင့်
Forthဟိုကြည့်ဒီကြည့်ဝေ့ကြည့်သည်။အမြဲတစေ ရှုပ်ပွနေတတ်သောသူ၏စာကြည့်ခန်းနဲ့တော့
ကွဲခြားမှန်းသိလေသည်။ကြီးမားလှသောစာအုပ်စင်ကြီးတို့နှင့်
များပြားလှသောစာအုပ်တို့က အစီအရီအခန်းအတွင်းတွင်
နေရာယူထားသည်။ပြတင်းပေါက်နားဖက်တွင်
ကပ်ကာထားသောစာကြည့်စားပွဲဖြစ်နိုင်သည့်
စားပွဲဝိုင်းအရှည်တစ်ခုနှင့်ခုံတွေဖက်သို့Forthလျှောက်လာလိုက်သည်။ ထိုစာကြည့်စားပွဲသို့ရောက်သောအခါ လက်ထဲမှသူ့leatherလက်ဆွဲအိတ်မည်းအားချလိုက်သည်။ထို့နောက်မှသာ"ကိုယ့်နာမည်Forth...ဒီနေ့ကစပြီး မင်းကိုGuideလုပ်ပေးရမဲ့ဆရာပဲ"
Forthအတည်ပေါက်ကြီး ရုပ်တည်ကာပြောနေသော်လည်း
Beamမှာတော့သူ့အားကြည့်၍ တုတ်တုတ်မျှမလှုပ်မယှက်
မတ်တပ်ရပ်နေလေသည်။ဘတ်စကတ်ဘောဝတ်စုံအကြီးကြီးတွင်ချွေးတွေစို့၍
နစ်မြှပ်နေသောတပည့်ဖြစ်လာမည့်သူကိုForthကြည့်ရင်းForth's p.o.v>>> အခုမင်းရှေ့က ကျောက်ရုပ်လေးကို
ထိန်းနိုင်ပါ့မလားForth?.....မဟုတ်ဘူးငါထိန်းနိုင်တယ်။ငါဆုံးဖြတ်ပြီးရင်ဖြစ်အောင်လုပ်တယ်...
ဘယ်အရာကမှ ငါ့အတွက်အဟန့်အတားမဟုတ်ဘူး။"ကိုယ် မင်းရဲ့စာအုပ်တွေကြည့်ချင်တယ်...
စာအုပ်တွေ ဒီစားပွဲပေါ်တင်ပေးပါ"သူပြောပြီး စားပွဲဝိုင်းတွင်ထိုင်လိုက်သည်။Beamတစ်ယောက်ကတော့ သူ့အားနောက်ကျောပေးထိုင်နေသည့်Forthကိုကြည့်၍
လက်ပိုက်ကာအသံတိုးတိုးနှင့်သံယောင်လိုက်လေသည်။"ကိုယ် မင်းရဲ့စာအုပ်တွေကြည့်ချင်တယ်...
စာအုပ်တွေ ဒီစားပွဲပေါ်တင်ပေးပါ>>>
အဟက် မတင်ပေးဘူးဆိုရင်ကော"##ဒေါက် ဒေါက်##
သူ့အား စာသင်ပေးမည့်ဆရာရောက်နေလျှင် ထိုစာကြည့်ခန်းသို့မည်သူမျှလာလေ့မရှိ။သို့သော်
ယခုမြည်လာသော တံခါးခေါက်သံနှင့်ပွင့်လာသော
တံခါးကြောင့် သူအပါအဝင်Forthပါလှည့်ကြည့်သည်။