"အဲ့တော့ ကလေးဆိုးလေးတစ်ယောက်ပေါ့"
Mingတစ်ယောက် Forth၏ မီးဖိုချောင်ထဲတွင် ကော်ဖီဖျော်နေလေသည်။ Forthကတော့ ထမင်းစားပွဲဝိုင်းတွင်ထိုင်ကာ ကော်ဖီဖျော်နေသောMingကို
ကြည့်ရင်း စကားစမြည်ပြောနေကြခြင်းဖြစ်သည်။"သူ့အဖေပြောတာပဲလေ...နေစမ်းပါအုံး...
Mingမင်းကော်ဖီဆိုင်မသွားဘူးလား?""မနေ့က မင်းပဲ အိမ်လာခဲ့။အကြောင်းစုံပြောပြမယ်ဆိုလို့လေ"
"ဩော် မေ့သွားတယ်"
"ရော့"
ကော်ဖီခွက်တစ်ခွက်အား Forthဖက်သို့ လှမ်းပေးကာ သူ့စကားအားရှေ့ဆက်လေသည်။
"ဒါနဲ့ Shareတွေနဲ့တိုင်ပတ်နေတဲ့လူက စာသင်ပေးဖို့
ဘာလို့လက်ခံလိုက်ရတာလဲ? "Forthက အငွေ့တထောင်းထောင်းထွက်နေတဲ့ Blackကော်ဖီအား လေပြင်းပြင်းတစ်ချက်မှုတ်ကာ သောက်လိုက်သည်။ ပြီးမှ Mingရဲ့အမေးအား ကော်ဖီခွက်အားကြည့်ကာ
"စိတ်ဝင်စားဖို့ကောင်းမယ်ထင်လို့"
"ကျွတ်စ် ကျွတ်စ် သနားပါတယ်ကွာ"
"ဘာကိုလဲ"
"ဟိုကောင်လေးကိုလေ"
"ဘာလို့"
"မင်းလို အရာရာဆရာလုပ်ချင်တဲ့ဗီဇပါတဲ့လူနဲ့
စာသင်ရမှာမို့လို့လေ...ပြီးတော့ဇီဇာကလည်းကြောင်သေး...
လူတတ်ကြီးဂိုက်လည်းဖမ်းသေးတယ်...
တကယ့်အမှန်ကတော့ဘာမှမဟုတ်ဘူး"Mingတစ်ယောက် ပြောလည်းပြော သူ့ကော်ဖီအားကိုင်ကာ
မီးဖိုချောင်ကနေ ခြေလှမ်းသွက်သွက်နဲ့ ဧည့်ခန်းဖက်ဆီသို့
ထွက်သွားလေသည်။ Forthကလည်း အနောက်ကနေလိုက်သွားကာ Mingရဲ့လည်ပင်းအား
သိုင်းဖက်ရင်း"ဘာဖြစ်တယ် Mingထပ်ပြောစမ်း"
"မနေ့ကပြောတော့ လည်ပင်းဖက်ပြီး
ဆော့ကစားရမဲ့အရွယ်မဟုတ်ဘူးဆို...
အဲ့လောက်မဖက်ထားနဲ့...အစ်လာပြီ""အဲ့တာအပြင်လေ ဒါက ငါ့အိမ်...ငါ့အိမ်မှာ ငါ့ကိုမကောင်းကြောင်းလာပြောနေတဲ့မင်းကိုတော့"
"ဟျောင့်Forth ငါ့ကော်ဖီ...ကော်ဖီတွေမှောက်ကုန်မယ်"
ကော်ဖီမှောက်ကုန်တော့မည်ဟု အော်နေသောMingကြောင့်
Forthလွှတ်ပေးလိုက်ရာ Mingက