အပိုင်း(၇)

2.4K 189 25
                                    

#Unicode
Time skip //

ထက်နိုင် ရာဇဝင်အား ရေပတ်တိုက်ပေးပီး ရာဇဝင်နမိုးလာည့်အချိန်ကို ရာဇဝင်လက်နွေးနွေးလေးအားဆုပ်ကိုင်ကာစောင့်မျှော်နေခဲ့သည်

"အား...ကျွတ်...ကျွတ်..."

ရာဇဝင်တယောက် ညည်းသံသဲ့သဲ့နှင့်နိုးထလာခိုက် သူ၏လက်အားတင်းကျပ်စွာဆွဲကိုင်ထားသောအရာတစ်ခုကိုဖယ်ရှားမည်အပြု

"ဟင် ! ကလေးပါလား ....
သူဘယ်ကတည်းကရောက်နေတာလဲ "

ရာဇဝင်လက်လေးအားပြုတ်ထွက်သွားမည်ကိုစိုးရိမ်သဖြင့် တင်းကျပ်စွာဆုပ်ကိုင်ပီး ကုတင်လေးတင်အိပ်ပျော်နေရှာသော ကောင်လေးတစ်ယောက်

ထိုကောင်လေးက တခြားသူမဟုတ်
ရာဇဝင်မြတ်နိုးလွန်းသောလူသားလေး
ထက်နိုင်

"daddy phဆက်ပြီးခေါ်လိုက်ထင်တယ် ...
Daddy ကတော့လုပ်ပီကွာ
ကလေးကိုစိတ်မပူစေချင်လို့ တမင်phတောင် မဆက်ပဲထားပါတယ်ဆိုနေ အခုတော့ ကလေးပင်ပန်းနေပီ "

အပြစ်ကင်းစင်စွာအိပ်မောကျနေသောကလေးငယ်ကို ကြည့်ကာရာဇဝင် ပြုံးမိသည်

ကျွန်တော်နှင့်တွေ့လျှင် ရှက်လွန်းသဖြင့်
အမြဲတမ်းကိုက်ထားတတ်သောနုတ်ခမ်းသေးသေးလေးက အခုတော့ သူမဟုတ်တော့သည်အလား
နီစွေးစွေးနှင့်သေသပ်ပုံကျနေသည်
တစ်ခါဖူးမျှသောထိတွေ့ဖူးသေးသောထိုနုတ်ခမ်းသေးသေးလေးရဲ့ ချိုမြိန်မူ့က အခုထိကျွန်တော်အတွက်အမှတ်ရနေသေးသည် ... ...
နောက်တဖန်ပြန်လည်၍ ထိုချိုမြိန်မူ့တို့ကိုခံစားချင်မိသေးသည် ...
ထိုသို့ ပြုမူ့ရန်အတွက်လည်း ထိုနုတ်ခမ်းနီနီရဲရဲသေးသေးလေး ကျွန်တော့်အား ပြုစားနေပြန်သည် ....
သို့သော်... ကလေးရဲ့အလှတွေမပျက်စီးစေချင်
ကလေးကအိပ်နေလျှင်သိပ်ချစ်စရာကောင်းသည်မဟုတ်ပါလား ကျွန်တော့်ရဲ့ မသိစိတ်တွေကို အသိစိတ်တွေနဲ့ ဖမ်းစီးချုပ်နှောင်ထားမိလိုက်သည်

မသိမ်းပိုက်လိုက်ရသော
နုတ်ခမ်းသေးသေးလေးးတစ်စုံအား
ရာဇဝင်လက်ချောင်းသွယ်လေးများဖြင့် ဖွဖွလေးဆိုသလို ပွတ်ဆွဲလိုက်ပီး

"ချစ်တယ် ကလေး ❤"

နုတ်ခမ်းပိုင်ရှင်ကောင်လေးကတော့
နုတ်ခမ်းလေးတစ်ချက် တွန့်သွားရုံမှလွဲ၍
အိပ်မောကျလျက်ပင်ရှိနေသေးသည်

ရာဇဝင်ရိုင်းခဲ့သည်Where stories live. Discover now