#Unicode
ဖေဖေနဲ့အကိုက ကျွန်တော်ရှေ့မှာဆိုုဟန်ဆောင်နေသလားအောက်မေ့ရတယ်
သူများမိသားစုတွေ ကလေးငယ်တွေနဲ့ပျော်နေကြတာတွေ့ရင် လိုချင်အားကျကြတဲ့မျက်ဝန်းတွေကအပြည့်ပဲ
ကျွန်တော် သတိထားမိတာပေါ့ဗျာ
ဒါပေမယ့် ကျွန်တော်ဘဝက အဲလိုပြည့်စုံအောင်လုပ်ပေးနိုင်ဖို့ အစွမ်းမရှိတော့ တခါတလေ ကိုယ့်ကိုယ် ကိုယ်အားငယ်မိပီး ကိုယ့်အဖြစ်ကိုယ်ကိုုယ်ရှက်မိတယ်
Aww... ဘယ်လိုအကြောင်းတရားတွေများပါလဲနော်...ကလေး တမှိုင်မှိုင်တထွေထွေနဲ့ဖြစ်နေတာ တော်တော်ကြာနေပီ
ကလေးမှာဘာတွေစိတ်မကောင်းစရာတွေများရှိနေလဲမသိဘူး ...
ကျွန်တော် လည်းအစွမ်းကုန်ကလေးအပေါ်မှာလိုလေစိတ်မရှိ အောင်ကလေးကိုထားပေးတာပါ
ကလေးအခုလိုတမှိုင်မှိုင်ဖြစ်နေတော့
ကျွန်တော် ခြေမကိုင်မိလက်မကိုင်ဖြစ်မိတယ်
ကျွန်တော်ပြောနိုင်တာတစ်ခုက
ဟိုတနေ့ညတုန်းက ကလေးပြောတဲ့ကိစ္စပဲနေမယ်
ကျွန်တော် အစွမ်းကုန်ကလေးအတွက် ကြိုးစားကြည့်ဖို့ဆုံးဖြတ်ထားတယ်ရာဇဝင်သည် internet တွင် LGBT အိမ်ထောင်ရှင်
တို့၏ ကလေးယူခြင်းနည်းလမ်းများ စွာရှာဖွေကြည့်သည်
ငွေကြေးတတ်နိုင်လျှင် ဘာမဆိုဖြစ်နိုင်သည်ဆိုသလိုပဲ
ကလေးအငှါးကိုယ်ဝန်ဆောင် ခိုင်းရန် ငွေကြေးများစွာကုန်ကျမူ့တတ်နိုင်လျှင် ရပေသည်
နိုင်ငံခြား ဆေးရုံများတွင် ထိုကဲ့သို့LGBTအိမ်ထောင်သည်များအတွက် အခပေး အငှါးကိုယ်ဝန်ဆောင်သည်များစွာရှိနေပေသည်
ဤ အချက်က ရာဇဝင်တို့အတွက် သတင်းကောင်းဆိုပေသော်လည်း
မိမိရဲ့သွေးသားကိုတော့ သန့်ရှင်းတဲ့ မျိုးနွယ်တစ်ခုဖြစ်စေချင်တာတော့အမှန်ပါ
ပိုက်ဆံတတ်နိုင်လျှင်အဆင်ပြေမည်ဆိုတာထက်
ယခုအခါ မျိုးရိုးရွေးချယ်မူ့သည်ပင်အဓိကကျလို့နေသည် ....ကလေးကိုတိုင်ပင်ကြည့်ရမယ်
ပီးတော့ ဒယ်ဒီကိုရော တိုင်ပင်ရမယ်Time skip ///
" ကလေး !! "
ရင်ခွင်ထဲတွင် ညိုးငယ်စွာ ခိုအောင်းနေသော
လူသားလေးက"ဗျာ ! အကို "
"ကလေး....
ကိုယ် တို့ကလေးယူမယ့် ကိစ္စကို
ကိုယ် internet မှာ လိုက်ရှာ ကြည့်ပီးပီ
အငှါး ကိုယ်ဝန်ဆောင်နဲ့ဆို ကိုယ်တို့အဆင်ပြေနိုင်မယ်ထင်တယ် .... "
ESTÁS LEYENDO
ရာဇဝင်ရိုင်းခဲ့သည်
Romance#Unicode ဖုန်ကွယ်မူ့တွေကြောင့် ခံစားချက်တွေအနာတရဖြစ်ကုန်မယ်ဆိုရင် အမှားယွင်းမရှိအလုပ် လုပ်နေတဲ့ ကျွန်တော်တို့ရဲ့နှလုံးသားတွေ ...❤ #Zawgyi ဖုန်ကွယ်မူ့တွေကြောင့် ခံစားချက်တွေအနာတရဖြစ်ကုန်မယ်ဆိုရင် အမှားယွင်းမရှိအလုပ် လုပ်နေတဲ့ ကျွန်တော...