အပိုင္​း(၂)

3.8K 328 9
                                    

#Unicode
Online ပေါ်တွင်ပျံ့နှံ့နေသော ပုံများကိုကြည့်ကာ လူငယ်အုပ်စုတစ်စုဝေဖန်နေကြလေသည်

"ဟယ်... ထက်နိုင်ကဒီလိုကြီးလား"

"hak...hak...မိန်းကလေးတွေကိုစိတ်မဝင်စားဘူး..စိတ်မဝင်စားဘူးနဲ့...အခုတော့...hak..hak..hak"

ထက်နိုင်ကိုစိတ်ဝင်စားဖူးသောမိန်းကလေးများတစ်ချို့ထံမှလှောင်ပြုံးများစွာ online မှ ဓာက်ပုံများစွာကိုကြည့်ရင်း........

ထက်နိုင်တုံ့နှေးသောခြေလှမ်းများစွာဖြင့် ...
ထိုလူငယ်အုပ်စုရှေ့သို့ရောက်လာခိုက်ဝယ် ...
လူငယ်များက လှောင်ပြုံးများစွာဖြင့်ဝိုင်းကြည့်ကြသည်
ထိုထဲမှလူငယ်တစ်ဦးက ....
"ထက်နိုင် !မင်း ရာဇဝင် ကိုသတိထားကွာ ...
သူ့မှာက မင်းတစ်ယောက်တည်းရှိတာမဟုတ်ဘူး ...တခြား မမကြီးတွေ တခြားသူတွေအများကြီးရှိတယ် ... မင်းတို့အတွင်းရေးကျတဲ့အခုလိုဆက်ဆံရေးကလူသိရှင်ကြားဖြစ်တာမကောင်းဘူး ... အခုကိစ္စမှာလည်း သူလုပ်တာပဲနေမယ် "

သူငယ်ချင်းများကဝိုင်းလှောင်ကြသည် ....

"ထက်နိုင် ...မင်းအိတ်ထဲကိုမိတ်ကပ်ပစ္စည်းတွေထည့်ထည့်ပီး ရာဇဝင်ဆီကိုသွားပီးအလှတွေပြင်နေတာ..."

ပတ်ဝန်းကျင်ကိုကြောက်တက်သောထက်နိုင်အရှက်ကြီးလွန်းသောထက်နိုင်တယောက် ခေါင်းမဖော်နိုင်ဖြစ်ကာ...ကိုယ့်အဖြစ်ကိုရှက်လွန်းသဖြင့်သူငယ်ချင်းများရှေ့မှပြေးထွက်ကာ ကားထဲကိုဝင်၍ ငိုမိလေသည်

နာကျင်မိသည်
မုန်းတီးမိသည်
ရှက်လွန်းသည်

ထို့ကြောင့် ယောက်ျားတစ်ယောက်ဖြစ်ပါလျက်မျက်ရည်များပင်ကျလောက်တဲ့အထိငိုကြွေးနေမိသည် .....

အခုချိန်မှာ ငါဘာလုပ်သင့်သလဲ....??"

ထက်နိုင်အတွေးများစွာဖြင့် ....

သူ၏အတွေးများအား ရာဇဝင်ဆီရာသို့ဦးတည်လိုက်သည် ...
ထို့နောက်ရာဇဝင်ရှိရာတိုက်ခန်းဆီသို့.........

ဝုန်း.... !!!!
တံခါးပွင့်သွားမူ့နဲ့အတူ မြင်လိုက်ရတဲ့မြင်ကွင်းတစ်ခု ကြောင့် ထက်နိုင် ဦးနှောက်တစ်ခုလုံးချာချာလည်သွားသည် ရင်ဘက်တစ်ခုလုံး ဗြောင်းဆန်သွားသည် ...

ရာဇဝင်ရိုင်းခဲ့သည်Donde viven las historias. Descúbrelo ahora