အပိုင်း(၁၂)

2K 130 12
                                    

#Unicode
Time skip ///

ကျွန်တော်တို့ နှစ်ယောက်လက်ထပ်ပီးတော့
daddy နဲ့ပဲ အတူ နေခဲ့ကြတယ်
daddy က အသက်ကြီးပီဆိုတော့တစ်ယောက်တည်း ပစ်မထားချင်တာရယ်
ပီးတော့ daddy ကအမြဲတမ်းလိုလို မကြာခဏအလုပ်ကိစ္စတွေနဲ့ခရီးထွက်နေရတာရယ်
အဲဒါကြောင့်ပဲ daddy အိမ်လေး မခြောက်ကပ်စေဖို့daddy နဲ့ပဲအတူနေကြဖို့ကို ကျွန်တော်တို့နှစ်ယောက်နှစ်ဦးစလုံးသဘောတူခဲ့တယ်
Daddy ကလည်း ကျွန်တော်တို့နှစ်ယောက်စလုံးကိုသဘောတူကြည်ဖြူစွာနဲ့အရမ်းချစ်တာမလား
daddy ကတော့ ကျွန်တော်တို့နှစ်ယောက်သူနဲ့အတူလာမနေမှာကိုတောင် စိုးရိမ်နေတာ
အခုလိုတူတူလာနေမယ်ဆိုတော့
အပျော်ကြီးပျော်နေတဲ့လူသားက အခုမှညားခါစဖြစ်တဲ့ကျွန်တော်တို့နှစ်ယောက်မဟုတ်ပဲ
daddy ပဲဖြစ်နေတော့တယ်
ပျော်ပါစေ.....
Daddy ပျော်နေတာမြင်တော့ ကျွန်တော်တို့လည်းစိတ်ချမ်းသာရတယ် မို့လား ...

ကျွန်တော်ကတော့အိမ်မှာပဲကိုယ်ပိုင်studio လေးတစ်ခုဖွင့်ပီး Photographer
ပဲဆက်ပြီးတော့ လုပ်ဖြစ်တယ်
တခါတလေမှ အရေးတကြီးခေါ်တဲ့သူတွေရှိမှပဲ
အပြင်ထွက်ဖြစ်တော့တယ်
daddy ကတော့ ပြောပါတယ်
ကျွန်တော့်တို့နှစ်ယောက်ကိုအရမ်းချစ်တော့
ကျွန်တော်တို့နှစ်ယောက်ကိုဘာမှမခိုင်းတော့ပဲ
သူ့လုပ်စားပဲထိုင်စားကြဖို့
ဒါပေမယ့် ဒီ photographer အလုပ်က ကျွန်တော်ဝါငနာပါလို့ကိုယ်တိုင်ရွေးချယ်ခဲ့တဲ့လမ်းဖြစ်နေတာရယ်
daddy ပိုက်ဆံကြီးပဲသုံးမနေချင်တာရယ်
ကိုယ်ပိုင်ပိုက်ဆံနဲ့ပဲ ရပ်တည်နေချင်တာရယ်အတွက်ကြောင့်ဒီအလုပ်ကိုဆက်လုပ်နေဖြစ်တယ်

ထက်နိုင်ကတော့ အရင်တုန်းကလို model မလုပ်ခိုင်းဖြစ်တော့ဘူး ကလေးကိုစိတ်မချတာလည်းပါတာပေါ့
သိတယ်မလား ကျွန်တော့်ကလေးက စော်ကြည်တာတင်မဟုတ်ဘူး ...ဘဲပါကြည်တာဆိုတော့ (😅😁)

ဒါပေမယ့် တစ်ခုရှိနေတာက
ကျွန်တော်ကလည်း Photographer ဆိုတာကျွန်တော့်ရဲ့ဝါသနာဖြစ်သလို
ကလေးအတွက်ကလည်း model ဆိုတာကြီးက
ကလေးအတွက် ဝါသနာတစ်ခုလို ဖြစ်နေတယ်လေ
အဲတော့ ကလေးက ကျွန်တော့်ကိုစိတ်ဆိုးတယ်
သူ model ဆက်မလုပ်ရလို့
ကျွန်တော်ကလည်းသိတယ်မလား
ကလေးစိတ် မချမ်းသာဖြစ်ရမယ့်ကိစ္စဆို စိတ်ဝင်စားတာမဟုတ်ဘူးလေ
အဲဒါကြောင့် အိမ်မှာဖွင့်ထားတဲ့ ကျွန်တော့်ရဲ့ကိုယ်ပိုင် studio လေးမှာပဲ ဘာရယ်မဟုတ်ဘူး
ကလေးကို ကျွန်တော်ကိုယ်တိုင် အလှတွေ ပြင်ပေးပီးကျွန်တော်ကိုု်ယ်တိုင်ပဲ photographer လုပ်ပေးတော့တယ်

ရာဇဝင်ရိုင်းခဲ့သည်Where stories live. Discover now