အပိုင်း(၁၀)

1.7K 136 12
                                    

#Unicode

Time skip ///.

ပွဲတော်ရက်မြတ်
ပျော်ရွှင်စရာပွဲများထူးထူးခြားခြားကျင်းပသော
နေ့ရက်တစ်ခုမဟုတ်သော်လည်း

လှပသောပင်လယ်ပြင်၌
သဘာဝကြယ်ရောင်စုံလေးများအပြင်
ရောင်စုံမီးရူးမီးပန်းများ က တဝင်းဝင်း နဲ့လှလှပစွာ တစ်ချက်တစ်ချက် ဖြန့်ကျဲကာ လှပလျက်ရှိနေသည်
ပတ်ဝန်းကျင်တစ်ခုလုံးမှာလည်းမီးရူးမီးပန်းဖောက်သံများကလွဲပီး တခြားအသံတစ်စွန်းတစ်စမှမရှိပေ

ဤသည်ကား တခြားမဟုတ်
တူညီသော လူသားနှစ်ဦး၏ ချစ်ခြင်းအသိမှတ်ပြု
အခမ်းအနားပြုလုပ်ပီးနောက်
ရာဇဝင်ကိုယ်တိုင်ကြိုတင် စီစဉ်ထားသော
ချောင်းသာကမ်းခြေ Honeymoon ခရီးစဉ်ပင်ဖြစ်လေသည် .....

လှပသော လှိုင်းခတ်သံများနှင့်အတူ
အပြာရောင်ကောင်းကင်ကြီးထက်ဝယ်
ကြယ်ရောင်စုံများစွာနှင့်အတူငွေရောင်
လမင်းကြီးကလည်းအလင်းရောင်များဖြာဝေကာပျော်မြူးလျက်ရှိနေသည်

မိုးကောင်းကင်ကြီး၏ ညသဘာဝအလှတွေနဲ့အတူ
မြေပြင်ထက်၌လည်း ထိုညလေးရဲ့သဘာဝအလှများကို
ခံစားရင်း ပြုံးပျော်ရွှင်မြူးနေကြတဲ့
လူသားနှစ်ဦးရှိနေလေသည် ..........

လမင်းရဲ့အလင်းရောင်ကြောင့်
ခိုင်ခံမားမတ်စွာ သွယ်တန်းနေသော
သန္တာကျောက်တန်းကြီးများကလည်း ဝင်းလဲ့တောတ်ပြောင်လျက်ရှိနေသည်
တချက်ချက်လှိုင်းလုံးလေးများရိုက်ခက်လိုက်တိုင်း
ငွေမှင်ရောင်အမှုန်များဖြန်းပက်လိုက်သလို
တလတ်လတ်တောတ်ပလျက်ရှိနေသည် ......

ပတ်ဝန်းကျင်တစ်ခွင်လုံးလှိုင်းခတ်သံများကလွဲရင်
မည်သည့်အသံတစ်စုံတစ်ရာမျှတစ်စွန်တစမကြားရချေ

ကနဦးတွင်လှပစွာ ပြန့်ကျဲခဲ့သောရောင်စုံမီးရူးမီးပန်းဖောက်သံတွေက
ယခုအခါ သူပင်မဟုတ်တော့သည်အလား
နုတ်ဆိတ်လျက်ရှိနေတော့သည် ....

ရာသီဥတုအခြေနေကြောင့်ပင်လား
ထိုကောင်လေးနှစ်ဦး၏ စစ်မှန်သောချစ်ခြင်းတရားများကြောင့်ပင်လားမသိ
လှိုင်းခတ်သံများက ငြိမ့်ညောင်းသာယာသော
ဂီတသံများသဖွယ် ရိုတ်ခတ်လို့နေလေသည်
လမင်းနှင့်ကြယ်ရောင်စုံများသာ
အဖော်ပြုအုပ်မိုးလျက် တည်ငြိမ်လျက်ရှိသော
ပင်လယ်ပြင်ကြီး သည် အထီးကျန်ဆန်လွန်းလှပေသည်
သို့သော် ........
ချစ်ခြင်းတရားများကိုယ်စီနှင့်ပင်လယ်ပြင်ကြီး၏အထီးကျန်အလှတရားများအား ငေးမောနေသော
ကောင်လေးနှစ်ယောက်ကိုတော့ ငွေရောင်လမင်းကြီးက
ပြုံးလျက်ကြည့်နေသည့်နှယ် .....

ရာဇဝင်ရိုင်းခဲ့သည်Tempat cerita menjadi hidup. Temukan sekarang