Zawgyi
လက်ကိုင်ပန်ကာသေးသေးလေးတစ်လုံးသည်
လှပသော နဖူးပြင်ပေါ်က ဂန္တ၀င်မြောက်စွာ
ကျဆင်းနေသည့် ချွေးသီးချွေးပေါက်
တစ်ချို့ကို..မတားဆီးနိုင်ချေ...။ရာသီဥတုက..အပူကြီးမဟူတ်ပေမယ့်..
အလုပ်ပင်ပန်းတာကြောင့် ..လူက
တော်တော်လေးနုံးချိနေပုံရသည်..။ပိုဆိုးတာက..ဒီနေ့မှပဲ.. ရိုက်ကွင်းတွေက..လှုပ်လှုပ်ရှားရှား..
ရိုက်ကူးရတာတွေ များတာမို့..
ခန္ဓာသေးသေးက...မောပန်းတုန်ယင်နေသည်..။"hyung..အရမ်းပင်ပန်းနေလား.."
"အင်း...ဆေးအရှိန်ကြောင့် ထင်တယ်..
ခေါင်းလဲ မူးနောက်နောက်ဖြစ်နေတယ်.."ပက်လက်ကုလားထိုင်ပေါ်မှာ..
ခေါင်းလေးမှီထားကာ..နားထင်ကို..လက်နဲ့ နှိပ်နယ်နေသည့်
ပုံစံက..တော်တော်လေးကို..
အဆင်မပြေသည့်ပုံ ပေါက်နေသဖြင့်...
သက်ပြင်းမောတစ်ချက်..ချမိလိုက်သည်...။အလုပ်တွေ ရှုပ်ရတဲ့ကြားထဲ...သဘာဝမကျသည့်ပဋိဇီဝ
ဆေးတစ်ချို့ကြောင့် ခပ်ယဲ့ယဲ့ဖြစ်နေသည့်...
ခန္ဓာကိုယ်ကို..မြင်ရတာ...
အားမရ..။မဖြစ်နိုင်သည့်ကိစ္စကြီးကို...မလုပ်စေချင်လို့..
မလုပ်ပါနဲ့ အကြိမ်ကြိမ်အခါခါ..
တားမြစ်ပြီးခဲ့ပေမယ့်...ခေါင်းမာသူပီပီ..
hyung က...သူလုပ်ချင်သည့်..ကိစ္စကို..
အဆုံးထိဆက်သွားရန်....ကြံရွယ်ထားသည့်
ပုံပင်...။ဒါပေမယ့်..နောက်ဆုံးအကြိမ်ပဲဖြစ်ဖြစ်..
တားမြစ်ခွင့်တော့ ရှိသေးတယ်မလား...။ထို့ကြောင့်
မျှော်လင့်ချက်သေးသေးလေးတစ်ခုကို..မြဲမြဲ
ဆုပ်ကိုင်ပြီး နားချဖို့ရာအတွက်..
hyung ဘေးနားလေးမှာ..ကပ်ထိုင်လိုက်သည်..။"တစ်ကယ်ကြီး..ဆုံးဖြတ်ချက်ချလိုက်တာလား
hyung ရယ်..
အန္တရာယ်များလွန်းတယ်လေ.."ကော်ဖီအေးအေးလေးတစ်ခွက်..လက်ထဲ..
ထည့်ပေးလိုက်ရင်း..နဲ့..
စကားစလိုက်တော့..
hyung ဆီက..သက်ပြင်းချသံ ခပ်ဖွဖွကြားလိုက်ရသည်...။"သူ့အတွက်..ဘ၀မှာ..အကောင်းဆုံး..
လက်ဆောင်လေးပေးချင်ရုံသက်သက်ပါ..
Hun ရယ်..."
YOU ARE READING
Shades [ Completed ]
Fanfictionခင်ဗျား ကျွန်တော့်အပေါ် တော်တော်လေး လွှမ်းမိုးနေတယ် Byun Baek Hyun Cover by Asuna Park ❤