Shades 18...

12.1K 960 94
                                    

Zawgyi

ရှည်လျားလွန်းသည့်..တစ်ညတာ ကုန်လွန်
ပြီးချိန်တွင်...
မော်ဖူးချင်လွန်းသည့်..ချစ်သူ့မျက်နှာတော်
လှလှသည်....
ကျွန်တော့်ရှေ့မှောက်ရောက်ရှိနေခဲ့ပြီ
ဖြစ်သည်..။

နဂိုဝိုင်းသည့်..မျက်လုံးတို့က..တစ်ညလုံး..
ငိုကြွေးထားသည်ဟု သက်သေပြနေသလို..
မို့မောက်နေတာကို..မြင်ရတဲ့အခါ...
ကျွန်တော့်ရင်အစုံ တင်းကြပ်ပြန်တယ်..။

အဲ့ဒါထက်..သူအမှားလုပ်မိကြောင်း
တစ်တွတ်တွတ်ပြောပြီး..
ကျွန်တော့်ရင်ခွင်ထဲ..ခေါင်းတိုး၍..
ငိုကြွေးနေပြန်တော့..
သူ့မှာ..ဒီလိုချစ်စရာအမူအကျင့်လေး
တွေလဲ..ရှိသေးတာလား..ဆိုကာ...
ဝမ်းနည်းပူဆွေးမှုတွေကြားက..
ပြုံးမိပြန်သည်...။

Park Chan Yeol ဆိုတဲ့..သည်ကောင်လေး
ဟာ..ကျွန်တော့်နှလုံးသားကို..
အဲ့ဒီလောက်ထိအောင်..အမျိုးမျိုးပြုစား နိုင်လွန်း
နေတဲ့အခါ...
ကျွန်တော့်အချစ်တွေ..ပို၍သာ..တိုးမိပြန်
လေသည်..။

"ကျွန်တော်...စဉ်းစားဥာဏ်နည်းခဲ့တာပါ..
hyung..ကျွန်တော့်ကို..မမုန်းလိုက်ပါနဲ့နော်.."

"ဒီကိစ္စလေး ဖြစ်တာနဲ့..hyung က..
Chan ကို..ဘာလို့မုန်းရမှာတဲ့လဲ.."

"ဒီကိစ္စလေးတဲ့လား..!
ဒီကိစ္စကြီးဗျ..ဒီကိစ္စကြီး...အဲ့ဒီ Park Chan
Yeol ကြောင့်..
hyung အခု...လမ်းတောင် မလျှောက်နိုင်
ဘူးမလား.."

"ကဲပါ..Hunee ရယ်..ပြီးခဲ့တာတွေ..
ပြီးပြီပဲကို..Chan ၀မ်းနည်းအောင်
ထပ်မပြောပါနဲ့တော့.."

အရာရာ..အားလုံးထက်..
ချစ်သူ..စိတ်နှလုံး ရွှင်မြူးနေစေရန်သာ
ရှေးရှုလေတဲ့အခါ..

ကျွန်တော်တို့နှစ်ယောက်ဖြစ်အင်ကို..
ဘေးကနေ..အစအဆုံးကြည့်ရှုနေသော..
Se Hunee ရဲ့မျက်နှာထက်..
အလိုမကျခြင်းအရိပ်အငွေ့တို့နုဲ့သာ..
ပြည့်နှက်ကျသွားသည်..။

မတတ်နိုင်..။

ဟိုတစ်နေ့ညက..ကိစ္စမှာ..ကျွန်တော်ကိုယ်တိုင်
၌ကိုက..Chan အပေါ်မှာ ..ဘယ်လိုမှ..
အပြစ်မြင်လို့မရသလို..
အစတည်းက...
Chan မှာ အပြစ်ရှိတယ်လို့ မထင်ခဲ့သလို..
ပွင့်ပွင့်လင်းလင်းမရှိခဲ့သည့်..ကျွန်တော့်
အပြစ်လို့သာ..မြင်နေမိခဲ့သည်မဟူတ်ပါလား..။

Shades [ Completed ]Where stories live. Discover now