Zawgyiည ၉ နာရီ ၄၂ မိနစ်..။
ဒီအချိန်က..ယောက်ျားသားတစ်ယောက်
အတွက်..အိမ်ပြန်ချိန်နောက်ကျနေပြီလို့..
ပြောလို့မရပေမယ့်လဲ...
ပုံမှန်ထက်..နောက်ကျနေတဲ့..
လူတစ်ယောက်ကို...
စောင့်ဆိုင်းနေမိတာကိုတော့
မှားတယ်လို့..မယူဆနိုင်ဘူးမလား...။လွန်ခဲ့သည့်..ရက်ပိုင်းအနည်းငယ်က..
ဖြစ်ပွားခဲ့သည့် ...စကားအချေအတင်
ကိစ္စမှာ..ကိုယ့်ဘက်က..မှားတယ်လို့..
ယူဆမိလို့...
အနည်းငယ် လိုက်လိုက်လျောလျော..
ဆက်ဆံပေးချင်တာလဲ..ပါမှာပေါ့...။သူနဲ့ တူတူနေလာတဲ့တစ်လျှောက်လုံး..
သူ..ဘယ်ချိန်ပြန်လာပြန်လာ..
ဂရုမစိုက်ခဲ့ပေမယ့်..
ဒီရက်ပိုင်းမှာတော့..ဂရုစိုက်တတ်ခဲ့ပါသည်..။ဖုန်းဆက်ပြီး...ဘယ်တော့ပြန်လာမှာလဲ..
မေးလို့ရပေမယ့်...
မာနတစ်ချို့ကြောင့်..ဖုန်းရှိရာကို..
လက်လှမ်းဖို့တောင်..ခွင့်မပြုနိုင်ခဲ့ပါ..။ထို့ကြောင့်...အိမ်တော်ထိန်း အန်တီကြီး..
အပ်နှံခဲ့သည့်...
သူ့မြေးကပ္ပလီကလေးလေးနှင့်..
အတူတူဆော့ကစားပေးရင်းနဲ့ပဲ..
မသိလိုက်မသိသာ
အာရုံလွှဲ နေလိုက်ပြီး..အချိန်တွေ မြန်မြန်
ကုန်ပါစေလို့..ဆုတောင်းနေလိုက်သည်..။ထိုအခါ...သူပြန်လာသည်ကိုတောင်
မသိလိုက်တော့ပဲ..
ကလေးလေးနှင့်ဆော့ကစားခြင်းကိစ္စမှာသာ
ကျွန်တော့်အာရုံက လုံးလုံးလျာလျား
နစ်မြှုပ်သွားတော့သည်..။"ဦးဦး Baek! ပြန်လာပြီ....!"
"Nike ကလေး..ရောက်နေတာလား.."
ရထားတွဲလေးကို..ဆက်နေသော..
ကလေးလေးက...ရုတ်တရက်..
ကျွန်တော့်ကျောပြင်ကျယ်ကြီးကို...
ကျော်ကြည့်ကာ..
နှုတ်ဆက်သမှု ပြုလိုက်တဲ့အခါကျမှ...
ကျွန်တော့်စိတ်တွေ..
ငြိမ်းချမ်းသွားသလို...။အနောက်ကို..လှည့်မကြည့်ပေမယ့်..
ဘေးနားကို...တိုးတိုးဖွဖွလေး..
ကပ်လာသော..ခြေသံတွေကိုတော့..
ဂရုတစိုက်နားထောင်နေမိသည်..။"hyung ရောက်နေတာ..နည်းနည်း
တောင်ကြာပြီ..
Chan တို့နှစ်ယောက်သားအရုပ်ဆက်နေတာ
တော်တော်လေး..အာရုံစိုက်နေကြလို့..
ငြိမ်ငြိမ်လေးနေနေတာ..
Nike က...မြင်သွားတယ်.."
YOU ARE READING
Shades [ Completed ]
Fanfictionခင်ဗျား ကျွန်တော့်အပေါ် တော်တော်လေး လွှမ်းမိုးနေတယ် Byun Baek Hyun Cover by Asuna Park ❤