Shades 4..

10.7K 948 8
                                    


Zawgyi

ဟိုလူ..ခရီးထွက်သွားပြီးသည့်နောက်..
ပထမဆုံး..မနက်ခင်း..။

ချုပ်ချယ်မှုတွေကြားထဲကနေ..ခေတ္တခဏ
လေး..လွတ်မြောက်ခွင့်ရသည့်..
ခံစားချက်ကလေးက..
ခေတ်စကားနဲ့ ပြောမယ်..ဆိုရင်..
စတော်ဘယ်ရီသီးလေးလို..ချိုမြိန်သည်ပေါ့...။

ပုံမှန်ရှူနေကျ..လေထုကပင်..
ဒီနေ့မှ..ရုတ်ရက်ကြီး...ကြည်လင်ပြီး
လန်းဆန်းနေသလို...။

အပျော်ဆုံးကတော့...ထမင်းစားပွဲထိပ်မှာ..
သတင်းစာတစ်စောင်ဖတ်ပြီး..အလုပ်ရှုပ်ချင်
ယောင်ဆောင်နေမည့် ပုံရိပ်တစ်ခုကို..
မမြင်ရတာ..တော်တော်လေး
ပျော်ဖို့ကောင်းသည်..။

မဟုတ်ရင်..မနက်ကတည်းက..
စည်းမျဉ်းစည်းကမ်းတွေ ကြားထဲ..ဘောင်
သွင်းနေခံနေရတာနဲ့ပဲ..
ဘ၀ကြီးက..တော်တော်လေး..ခါးသက်သည်
လေ...။

ဒီနေ့တော့..သာမန်လူသားတစ်ယောက်လို..
ကိုယ့်ဘ၀ကို..စိတ်တိုင်းကျ..ပိုင်ဆိုင်ခွင့်ရရှိ
နေပါသည်...။

"အန်တီ..၀က်အူချောင်းတွေ ကျန်သေးတယ်
မလား..နည်းနည်း..ထည့်ပေးပါဦး.."

"ဒါပေါ့..Chan လေး..စားဖို့..အများကြီး..
ကြော်ထားတယ်..."

ကျွန်တော့်တောင်းဆိုသံကြောင့်
ဘေစင်နားမှာ..ဟင်းသီးဟင်းရွက်များကို...
ခြွေနေသည့်...၀၀ဖိုင့်ဖိုင့်
ကပ္ပလီအမျိုးသမီးကြီးက...လုပ်လက်စကို..
ချက်ချင်းရပ်ကာ..ကျွန်တော့်ပန်းကန်ထဲကို
ရဲနေအောင် ကြော်ထားသော..၀က်အူချောင်း
တွေ..လာထည့်ပေးသည်..။

"အမယ်..Chan လေး..ဒီနေ့တော်တော်ပျော်
နေတယ်ထင်တယ်.."

"သေချာတာပေါ့..ဒါပေမယ့်..ပျော်တာက
ပျော်တာသက်သက်..
အန်တီကိုပြုံးပြတာက..ချစ်တာသက်သက်..
မတူဘူး.."

"ဟုတ်ပါပြီတဲ့ရှင်.."

ဝက်အူချောင်းလာထည့်ပေးသည့်..အမျိုးသမီး
ကြီးကို..နှစ်လိုဖွယ်ရာ..အပြုံးတို့ပေးလိုက်သော
အခါ..အမျိုးသမီးကြီးက..
ကျွန်တော့်ဆံပင်တွေကို..ခပ်ဖွဖွလေး
ထိုးဖွသွားသည်..။

အဖေအမေ..ဘယ်သူရယ်လို့..သိခွင့်မရခဲ့
သည့်..ဘ၀မှာ..ဒီအမျိုးသမီးကြီးဟာ..
ကျွန်တော့်ဘ၀အတွက်တော့..အမေ
တစ်ယောက်လိုပင်..။

Shades [ Completed ]Hikayelerin yaşadığı yer. Şimdi keşfedin