Shades 22..

11.2K 1K 103
                                    

Zawgyi

နှစ်ပေါင်းမြောက်မြားစွာ..ချစ်သူနဲ့ အတူတူ..
အိပ်စက်ခဲ့ရာ..ကုတင်ကျယ်ကြီးသည်..
ချစ်သူ..မရှိခဲ့သည့်..နှစ်အနည်းငယ်တွင်ပင်..
အထီးကျန်ဆန်မှုကို..ပေးစွမ်းသည်..။

သူအသုံးပြုခဲ့သည့် ခေါင်းအုံးဖြူဖြူကို...
သူ အိပ်စက်သည့်..ဘယ်ဘက်ခြမ်းတွင်..
နေရာ မပျက် ထားရှိဆဲဆိုတာ..
သူ သိရင်...။

ချစ်ရက်သားနဲ့..မုန်းဟန်ဆောင်ပြီး..
တိတ်တဆိတ်လွမ်းနာကျ နေသည့်.ကျွန်တော့်
အဖြစ်သနစ်တွေကို..သူမသိစေဖို့သာ..
တောင်းဆုခြွေချင်မိပါသည်..။

လွတ်လပ်နေသည့်..သူအိပ်စက်ရာ
ဘက်အခြမ်းကို..လက်ချောင်းတွေနဲ့..
တယုတယ ပွတ်သပ်ပြီး..
သူ့ကို မွတ်မွတ်သိပ်သိပ်လွမ်းနေမိတာ..
ဒီ နှစ်နစ်တာ ကာလပတ်လုံးတွင်..
တစ်ရက်မှ မပြတ်ခဲ့သော..နိစ္စဓူဝ အလုပ်တစ်ခု
ဖြစ်နေခဲ့သည်...။

ကုတင် ခေါင်းရင်းဘက်ခြမ်းမှာ..အခုချိန်ထိ..
နေရာပေးထားဆဲဖြစ်သည့်..
သူနဲ့ ကျွန်တော်ရဲ့..မင်္ဂလာဓာတ်ပုံ ခပ်ကြီးကြီး
ရယ်..
မြတ်နိုးစွာ..၀တ်ဆင်ထားမြဲဖြစ်သည့်..
ဘယ်ဘက်လက်သူကြွယ်ဆီက...
လက်ထပ်လက်စွပ်ကလေး..
ရယ်ကနေ..အစပြုပြီး..

အခန်းထဲမှာ...ဟိုတစ်စဒီတစ်စ..
ကပ်ညိနေဆဲ ဖြစ်သည့်..သူ့ပုံရိပ်တွေ..
အားလုံး..အားလုံးကို..
ကျွန်တော် ...ဒီနေ့အထိ..မမေ့သေး...။

မေ့လို့မရနိုင်တာ..ဆိုရင်..ပိုမှန်လိမ့်မည်..။

"အချိန်တိုင်းသတိရနေမိတယ်..
အရမ်းလဲ လွမ်းနေမိတယ် Chan..ရယ်..
ဤမှန်သော သစ္စာစကားကြောင့်..
Chan နဲ့ ..တစ်နေ့ကျရင်..ပြန်နီးချင်တယ်
လို့ဆုတောင်းချင်ပေမယ့်..
တစ်ဖက်မှာလဲ..hyung..ကိုယ့်စိတ်ကို..
ကြောက်နေမိတယ်.."

အသက်ထက်မက..ချစ်ရတဲ့သူ့ကို..
အဝေးမှာ...ထားဖို့..ခက်ခက်ခဲခဲ..ဆုံးဖြတ်ခဲ့
ရသည့်...အချိန်က..ကိစ္စတစ်ချို့ကို..
ပြန်ုမြင်ယောင်မိတော့...

ခံစားနေရသည့်..ခေါင်းကိုက်ဝေဒနာသည်..
ပိုတိုးလို့လာခဲ့သည်...။

ကိုယ်နဲ့အတူတူ..ဆက်နေရင်..
သူစိတ်ဆင်းရဲရမှာစိုးလို့..လွှတ်ပေးခဲ့
မိတာရဲ့..အကျိုးဆက်က..
အခုလိုမျိုး..နာနာကျင်ကျင်ခံစားရမယ်
မှန်းသိခဲ့ပါရက်..
လက်တွေ့ ခံစားနေရတဲ့အချိန်..
ကျွန်တော့်မှာ..မျက်ရည်နဲ့ မျက်ခွက်..
ရင်ကွဲပက်လက်ကို ဖြစ်လို့..။

Shades [ Completed ]Where stories live. Discover now