Shades 10..

10.8K 945 96
                                    

Zawgyi

တိတ်ဆိတ်နေသည့် အိပ်ခန်းကျယ်ကြီးအတွင်း..
ပေါက်ပြဲနေသော နှုတ်ခမ်းသားကို..ယုယုယယ
ဆေးထည့်ပေးနေသည့်....Byun Baek Hyun
ဆိုတဲ့ လူ ကို ကြည့်ပြီး..
တော်တော်လေး သံဝေဂရနေမိသည်..။

ဟိုနေ့ကမှ...လူကို ခွေးရိုက်နွားရိုက်သလို
လက်သီးနဲ့ စိတ်ကြိုက်ထိုးကြိတ်ပြီး..
မြေအောက်ခန်းထဲမှာ..အရုပ်လေးတစ်ရုပ်လို
ထိုးထည့်ထားခဲ့တာမှ..မကြာသေး..။

အခုတော့...ကျွန်တော် တစ်ခုခုဖြစ်သွားမှာ..
အသေအလဲ ကြောက်သည့်..ချစ်သူကောင်း
တစ်ယောက်လို..ဆေးတွေ ထည့်ပေးပြီး
ဂရုစိုက်ပေးနေလိုက်တဲ့ပုံများ..
အံ့သြလွန်းလို့ လက်ဖျားခါမိသည်..။

လောကမှာ ပြောင်းလဲ တတ်ဆုံးအရာက..လူ့စိတ်ဆိုတာ..သိပေမယ့်..
အခုဖြစ်နေတာကိုတော့...နည်းနည်းလက်မခံ
ချင်...။

"အ!"

"အယ်..Chan..စပ်နေလား...ခဏလေး
သည်းခံနော်..ပြီးတော့မယ်.."

အထိုးခံထားရသည့် နေရာ
အနှံ့အပြားကို..ဂွမ်းစလေးတစ်ခုနဲ့ တို့တို့ပြီး..ဆေးထည့်ပေးနေသည့်ပုံက
မသိရင်...အပြင်မှာ..ရန်ဖြစ်ပြီး ပြန်လာတဲ့
ယောက်ျားကို..မိန်းမက ကြင်ကြင်နာနာလေး
ဆေးထည့်ပေးနေတဲ့ပုံနဲ့...။

မေးလိုက်ချင်ပါရဲ့..။
ဒီ ဒဏ်ရာတွေက..ဘယ်သူလုပ်ထားတာလဲလို့..။

အနာပေးလိုက်..ဆေးပေးလိုက်လုပ်ရတာ
တော်တော်မှ..ပျော်ရဲ့လားလို့...အော်မေးလိုက်
ချင်ပါသည်...။

သတိလစ်ခါနီးဆဲဆဲ အချိန်လေးမှာ...မှောင်မည်း
နေတဲ့ အခန်းထဲထိ...လာရောက်ခေါ်ယူပြီး...
ဒီလိုမျိုး..ကြင်နာယုယပြနေသည့်လူကို..
ဘယ်လိုနားလည်ရမလဲမသိတော့...။

မြေအောက်ခန်းထဲမှာတုန်းက...သူပြန်လာ
ခေါ်ရင်...ကောင်းကောင်းလေးရန်တွေ့ပစ်လိုက်
မည်လို့...
တွေးထားခဲ့သမျှ...အခုတော့...
ဘာတစ်ခွန်းမှ..ထွက်မလာ...။

မျက်စိရှေ့..အနီးကပ်မြင်နေရသည့်...
နှုတ်ခမ်းပါးပါးတစ်စုံကိုသာ...စိုက်ကြည့်နေမိ
သည်..။

စပ်မှာစိုးလို့..ဟူးခနဲ ..ဟူးခနဲ...လေမှုတ်ပေးပြီး
ဆေးထည့်ပေးနေသည့် နှုတ်ခမ်းတစ်စုံဟာ...
အာရုံလွှဲရာ..လမ်းကြောင်းမဖြစ်သင့်ဘူးဆိုတာကို..
အချိန်မီ သတိထားလိုက်နိုင်ပြီး...
ချက်ချင်းအကြည့်လွှဲပစ်လိုက်သည်...။

Shades [ Completed ]Dove le storie prendono vita. Scoprilo ora