'အေးချမ်း'
'ရှိ'
'သူရိန်'
'ရှိ'
'အာကာမိုးမြင့်'
'ရှိပါတယ် ခင်ဗျာ'
'တော်တော်ရှည်တဲ့ နာမည်ပဲ...လေကြောကလဲရှည်တယ်၊ ခက်တာက လူပဲ မရှည်တာ' တစ်ခန်းလုံး ဝါးခနဲ ပွဲကျသွားသည်။
'ဇန်သြ...ဇန်သြ...ဟုတ်ပါတယ်နော်'
'ဟုတ်ကဲ့...ကျွန်တော့်နာမည် ဇန်သြ ပါ'
'လာပြန်ပြီ အထူးအဆန်းပဲ..'
ဇန်သြ ဆိုတဲ့နာမည်ကြားတော့ ကျွန်တော် တစ်ချက်ကြည့်လိုက်မိသည်။ အရပ်က ကျွန်တော့်ထက်တော့ ပုသည်။ အသားက ဖြူသည်၊ ရုပ်က ချောသည်လို့လည်း ပြောလို့မရ။
'ချစ်ဦး'
'...'
'ချစ်ဦး'
'ရှိ' ကျွန်တော်စိတ်ထဲမှာ အကဲဖြတ်တာ လွန်သွားသည်၊ ROLL NUMBER က ရှေ့ဆင့်နောက်ဆင့်။ တက္ကသိုလ်ဆိုတော့ ထိုင်ခုံက ကြိုက်သလို ထိုင်ခွင့်ရှိသည်။ ထိုနေ့က သင် သော ဆရာမှာ ပျင်းဖို့ကောင်းသည်။ ကျွန်တော်၏ ထုံးစံအတိုင်း စာအုပ်တစ်အုပ် ဖတ်နေလိုက်သည်။
Xxxxxxxxxxxxx
'ဇန်သြ' ဆိုသော ကျွန်တော် ဒီတက္ကသိုလ် ကိုရောက်တာ ဆယ်တန်းတုန်းက သူငယ်ချင်းတွေထဲတွင် ကျွန်တော် တစ်ယောက်တည်းသာ ပါသည်။ တခြားသော သူငယ်ချင်းတွေက တခြား တက္ကသိုလ်များမှာ ဖြစ်သည်။ နဂိုကမှ သူငယ်ချင်း စပြီး မလုပ်တတ်သော ကျွန်တော် အခက်တွေ့စေသည်။ ပထမ ရက်ပင်ရှိသေးသည်။ ကျောင်း ဆက်မတတ်ချင်တော့။ ဆရာတစ်ယောက်ပြီး တစ်ယောက်။ ဆရာ, မဝင်သည့် အချိန်တွင် လွယ်အိတ်ထဲက CD Player လေးကို အဖော်ပြုပြီး မှောက်အိပ်နေလိုက်သည်။ (အဲ့တုန်းက MP3ခေတ်မစားသေးပါ) ။ တခြားကျောင်းသားကျောင်းသူ တွေက ကိုယ်စီ ကိုယ်စီ စကားပြောနေကြသည်။ မိတ်ဖွဲ့နေကြသည်။ ကျွန်တော် ဒါတွေ ဝါသနာမပါ။ ဘေးတွင်ထိုင်သော တစ်ယောက်က ကျွန်တော့်အကြောင်းမေးသည်။ ပြောသင့်တာပြောသည်။ သူမေးတာ အားရသားလို့လားမသိ။ ပါးစပ်ပိတ်သွားသည်။ ကျွန်တော်တခွန်းမှ ပြန်မမေးဖြစ်ပါ။ သိလည်း မသိချင်ပါ။ သူတို့တွေကျွန်တော့်ကို ဘယ်လို ထင်မလဲ မသိပါ။ ကျွန်တော် နေတတ်သလိုသာ နေလိုက်ပါတော့သည်။
YOU ARE READING
ချစ်ဦး
Romanceဖွာလန်ကျဲနေတဲ့ ဆံပင်တွေကို လက်နဲ့ ဖွပစ်လိုက်သည်။ ခေါင်းထဲမှာ တဆစ်ဆစ်နဲ့ ကိုက်နေသည်။ မျက်လုံး မဖွင့်ချင်သေး။ ညက သောက်ထားတဲ့ အရှိန်က အခုထိ မပြယ်သေးပေ။ မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်သည်။ ကျိန်းစပ်လု့ိနေသည်။ တောက်ပစူးရှတဲ့ အလင်းတန်းတစ်ခုကြေ...