ချစ်ဦး -၃-

598 8 0
                                    

အချိန် ကုန်သွားသည်မှာ အလွန်မြန်ပါသည်။ သူ့မွေးနေ့ ရောက်ရန် သုံးရက်သာ လိုတော့သည်။ ကျွန်တော် သူ့ ကို surprise လုပ်ဖို့တွေးထားပေမယ့် ကျွန်တော် မလုပ်ဖြစ်ပါ။ မနက်စောစော Drawing အဆောင်တွင် ကျွန်တော့်တစ်ယောက်တည်း ဆရာပေးထားသည့် အိမ်စာကို ဆွဲနေသည်။ သူ ကျွန်တော့် အနားဘယ်လို ရောက်လာမှန်းမသိ။

'ဟ..ဇန်သြတို့ က ကြိုးစားလှ ချည်လား'

'ချစ်ဦးလောက်မှ မတော်တာ' သူ ရုတ်တရက် ကျွန်တော့်ကို တွန်းထုတ်လိုက်သည်။ ကျွန်တော် ပုံဆွဲနေတဲ့ နေရာကို ဝင်ပြီး ကျွန်တော် ဆွဲလက်စ ပုံကို ဆက်ပြီးဆွဲသည်။ ကျွန်တော် ရုတ်တရက ်မင်သက်သွားမိသည်။ ပျော်လည်း ပျော်သွား၏။ သူ ပုံဆွဲသည်မှ သပ်ရပ်လှသည်။ ခဲ ဆွဲသားချက်မှာ ပိရိသည်။ ကျွန်တော်နဲ့ တခြားစီ။

'ချစ်ဦး...နောက် ၃ ရက် ဆို ဘာနေ့လဲ သိလား' သူ ခေါင်းတောင် မော်မကြည့်ဘဲ ဖြေသည်။

'မသိဘူးလေ' ကျွန်တော် စိတ်ပျက်သွားသည်။ ကိုယ့်မွေးနေ့တောင် ကိုယ် မမှတ်မိဘူးလား။

'ချစ်ဦး ..ဘာကျွေးမှာလဲ'

'ဘာအတွက် ကျွေးရမှာလဲ...' သူ ပုံဆွဲနေတာကို ရပ်လိုက်ပြီး ကျွန်တော့်ကို ကြည့်လိုက်သည်။ ဘုရားရေ... သူ့ရဲ့ မျက်ဝန်းတွေ၊ မပွင့်တပွင့် ဟ ထားတဲ သူ့ရဲ့ နှုတ်ခမ်းတွေ။ ကျွန်တော့်ရင်ခုန်သံ ကို သူကြားမှာ ကျွန်တော် စိုးရိမ်မိသွားတယ်။

'သြော်...မွေးနေ့လား... အဲ့ဒါ အမှန်မဟုတ်ဘူး...လိမ်ထားတာ' ကျွန်တော် သူ ပြောတာကို မယုံပါ။

'တောမှာ သွားပြော...မကျွေးချင်လဲ ရပါတယ်...လိမ်စရာ မလိုပါဘူး' ကိုယ်တိုင်က မှားသွားတာပါ။ ဒီပါးစပ်က သုံးရက်ဆိုတဲ့ အချိန်လေးကိုတောင် မစောင့်နိုင်ဘူးလား။

'တကယ်ပြောတာ... ငါ မင်းကို လိမ်ပြီး ဘာလုပ်ရမှာလဲ...မယုံလဲနေ' သူ့ မျက်ဝန်းနေတာ...ငါ မင်းကို မလိမ်ဘူးလို့ ပြောနေမှန်း ကျွန်တော် ခံစားလို့ရသည်။

'ဒါဆို...မွေးနေ့ အမှန်က'

'မပြောဘူး'

ပုံဆွဲခဲတံကို ပါးစပ်မှာ ကိုက်ပြီး ခုနက ဆွဲလက်စ နေရာကို သူရှာနေပုံရသည်။

ချစ်ဦးWhere stories live. Discover now