ချစ်ဦး -၄-

502 7 0
                                    

သူ ကတိ မတည်ခဲ့ပါ။ အရာရာသည် အိပ်မက်မှ နိုးထလာခဲ့သည်။ ဘာကြောင့် ဒေါသဖြစ်မှန်း ကျွန်တော့်ကိုယ် ကျွန်တော် မသိခဲ့။ သူငယ်ချင်း တစ်ယောက်အဖြစ်တောင် မသတ်မှတ်တဲ့ လူတစ်ယောက်ကို မျှော်လင့်ချက်တွေ အကြီးကြီး ကျွန်တော် ထားခဲ့မိတယ်။ တစ်ဖက်သက် အချစ်ဆိုတာ အဲ့လောက်ထိ ပူလောင်မှန်း ကျွန်တော် မသိခဲ့ပါဘူး။ သူ ကျွန်တော့်ကို ရွံ သွားလို့လား။ သူ့ပေါ်မှာ ဆက်ဆံတဲ့ ကျွန်တော့်ရဲ့ ဖော်ရွေမှုတွေဟာ သူ့အတွက်တော့ အဆိပ်အတောက်ဖြစ်ခဲ့ပုံရသည်။ ဒါတွေမှမဟုတ်ဘဲ မွေးနေ့မတိုင်ခင် ပေးလိုက်တဲ့ (သူ လုံး၀ မယူခဲ့တဲ့) မွေးနေ့လက်ဆောင်ကြောင့်လား။ ဘာကြောင့် ဆိုတာကို ကျွန်တော် သူ့ကို မမေးခဲ့ပါ။ ကျွန်တော် သိလိုက်ရသည်မှာ ကျွန်တော့်ရင်ဘတ်ထဲမှာ သူ...မှေးမှိန်သွားခဲ့တယ်ဆိုတာပါ။

ထိုနေ့ကို ကျွန်တော် ဘယ်တော့မှ မေ့နိုင်မှာမဟုတ်ပါ။ အဲ့ဒီ့နေ့က သူ ကျူရှင်ကို မလာပါ။ ကျွဲကြီးက ကျွန်တော့်ကိုပြောသည်။ 'ချစ်ဦးက ငါတို့ကို မနက်ဖြန် မနက် ကန်တင်းမှာ စောင့်ခိုင်းထားတယ်' တဲ့။ ထိုအထဲတွင် ကျွန်တော် မပါပါ။ သူ မယူသွားသော မွေးနေ့လက်ဆောင်ကို ကျွန်တော် ခုထိ သိမ်းထားတုန်းပင်။ ကျွန်တော် ဝမ်းနည်းပါသည်။ သူ့မွေးနေ့ မနက်က ကန်တင်းကို သွားပြီး မေးဖို့ ကျွန်တော် လုပ်ပါသေးသည်။ သို့သော် ကျွန်တော် မလုပ်ဖြစ်ပါ။

'မျက်ရည်စွန်းထေးခဲ့တဲ့

ငါ့ရဲ့ အင်္ကျ ီ

သေချာလျော်ပြီး နေပူပူထဲမှာ

အတိတ်ကို အငွေ့ပြန်သွားစေခဲ့တယ်။

မနက်ဖြန်ဆို

နေ ရနံ့ သင်းတဲ့ အင်္ကျ ီနဲ့

နေ့သစ်ပြန်စရမှာပေါ့။'

ဇန်။ သြဂုတ်လ ၈ ရက်။

Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ကျွန်တော် သတိထားမိသည်မှာ ဇန် ကျွန်တော့်ကို စကားမပြောတော့ပါ။ ကျွန်တော့်ကို တွေ့ရင်လည်း ရှောင်နေသလိုလိုပင်။ ဘာကြောင့်မှန်းမသိပါ။ ကျွန်တော့်တွင် သူငယ်ချင်းများစွာရှိသော်လည်း ဇန်က ကျွန်တော့်အပေါ်ကောင်းတတ်သည်။ ကျွန်တော် ကျောင်းမလာသည့်အခါ လပတ်စာမေးပွဲတွေကိုလည်း ကျွန်တော့်အတွက်ပါဖြေပေးတတ်သည်။ ကျွန်တော် နောက်နေ့ ကျောင်းတတ်မှ ကျွဲကြီးက ကျွန်တော့်ကိုပြောပြသည်။ တချို့အရာတွေကိုလည်း ကျွန်တော့်ကို ဦးစားပေးတတ်သေးသည်။ Chewing gum ကျွေးတာက အစ။ သူငယ်ချင်း အားလုံးထဲတွင် ကျွန်တော့်ကို အရင်ဆုံး ကျွေးသည်။ တခါကလည်း ကျွန်တော် နေမကောင်းဖြစ်သဖြင့် ဆေးသောက်ရင် ကန်တင်း မှ ဇန် ကိုယ်တိုင် ရေဘူး သွားဝယ်ပေးသည်။ ကျွန်တော် ချောင်းဆိုး သက်သာရန်ငုံဖို့ ပူရှိန်းဆေးလုံးတောင်ပါသေးသည်။ ကျွန်တော် ဇန်ကို ခင်ပါသည်။ သို့သော် တခါတခါ ဇန် ၏ အပြုအမူတွေဟာ... ကျွန်တော့်ကို သွေးပျက်မိပါသည်။

ချစ်ဦးWhere stories live. Discover now