Ep 10

55 6 0
                                    

"Ya! Dr.Im အိမ်ပြန်မလို့လား နေလည်းမကောင်းသေးပဲနဲ့"
အသံကြားလို့လှည့်ကြည့်လိုက်တော့
Min sunbae...
"Sunbae...အိမ်မပြန်ရတာ ၃ရက်ရှိပြီ oma တို့မျှော်နေတယ် ဟဲဟဲ"
"ဘာ ဟဲဟဲလုပ်မနေနဲ့ အိမ်ရောက်ရင် သေချာအနားယူလိုက်ဦး"
"Yes Sir!"
အလေးပြုတဲ့ပုံစံလုပ်ပြလိုက်ပြီး ရီပြကာထွက်လာခဲ့သည်
လမ်းလျှောက်ရသည်မှာလည်း ထော့နဲ့နဲ့ဖြစ်နေသဖြင့်
ကြည့်လိုက်ရာ ခြေထောက်တစ်ဖက်က ယောင်နေသည်
"Aigoo~ တယ်လည်း လက်သံပြောင်တဲ့ fan တွေ...သူတို့oppa သာမိန်းမယူရင်တော့..."
တွေးမိရင်း ခေါင်းခါကာပြုံးလိုက်မိသည်
"မိန်းမယူရင်ဘာဖြစ်လဲ?"
"Nae!"
ဘေးကအသံကြား၍ လှည့်ကြည့်လိုက်တော့
"Changsub oppa!"
ဦးထုပ်ငိုက်ငိုက်ဆောင်းထားပြီး
လက်နှစ်ဖက်ကို ဘောင်းဘီအိတ်ကပ်တွေထဲ ထည့်ထားသည်
"ဘာလာလုပ်တာလဲ? ခြေထောက်နာနေပြန်ပြီလား?"
ကိုယ့်နားကိုလျှောက်လာသဖြင့်
ခြေထောက်များကို ကြည့်ရင်းမေးလိုက်သည်
သူက ပြန်မဖြေပဲ မျက်နှာကိုသာစိုက်ကြည့်နေ၏
"o~oppa!"

********************************

ကြည့်ပါလား မသိရင်သူမဘာမှမဖြစ်ခဲ့သည့်အတိုင်း
သူ့ကို မျက်လုံးဝိုင်းလေးများနှင့်
မော့ကြည့်ရင်း မေးနေသော
ကောင်မလေးကို စိုက်ကြည့်နေမိသည်
မျက်နှာလေးမှာ ချောင်ကျပြီး
နေမကောင်းဖြစ်ထားသည်မှာ
သိသာနေသည်
ပွစိပွစိနှင့် ကိုယ့်ကိုယ်ကိုပြောလိုက်
ခြေထောက်ကိုငုံ့ကြည့်လိုက်နှင့်
လုပ်နေသော သူမဘေးနားရောက်နေတာ
ကြာနေပြီဖြစ်သည်
သူမခြေထောက်ကိုလိုက်ငုံ့ကြည့်တော့
ခြေဖမိုးပေါ်မှာ ပွန်းရာလေးနှင့် ယောင်လို့...
"ဘာဖြစ်တာလဲ ခြေထောက်က?"
"လမ်းသွားရင်း ချော်လဲတာ"
*မင်းကွာမလိမ်တတ်ပဲနဲ့*
သူနဲ့မျက်လုံးချင်းမဆုံပဲ တစ်ဖက်ကိုငေးသလိုလိုနှင့်
နားရွက်လေးကိုကုတ်ကာဖြေနေသောသူမ...
"ချော်လဲတာခြေဖမိုးထိ ပွန်းသွားတယ်ပေါ့?"
"Nae! Ah...ဟုတ်တယ် ဘယ်လိုဖြစ်သွားမှန်းတောင်မသိဘူး hee hee"
ကြည့် ရီကျဲကျဲလုပ်နေပြန်ပြီ
ကြည့်နေရင်း စိတ်လည်းတို အသည်းလည်းယားလာကာ
လက်ဆွဲပြီး ကားဆီခေါ်သွားရန်ပြင်လိုက်သည်
"oppa !ဘယ်ကိုလဲ? ကျွန်မအိမ်ပြန်မလို့!"
အတင်းရုန်းနေသဖြင့် လက်ကိုမလွတ်အောင်ကိုင်ထားလိုက်ရင်း
"ကို ပြန်လိုက်ပို့မယ် ခဏပဲ"
"အနားယူရဦးမှာမိုလို့ ခုထိမနားရသေးဘူး
အရမ်းပင်ပန်းနေတာ...အ ကျွတ် ကျွတ် ခေါင်းတွေကလည်းကိုက်လိုက်တာ ဗိုက်လည်းဆာတယ်"
မလိုက်ချင်လို့ မူယာမာယာများနေသောသူမကို
ကြည့်ရင်း ရယ်ချင်စိတ်ကိုထိန်းလိုက်ကာ
"ဒီတိုင်းလိုက်မလား ချီသွားရမလား?"
"..."
*ဝိုင်းစက်နေပြန်ပြီ အဲ့မျက်ဝန်းလေးတွေ*
ခေါင်းတစ်ချက် ငြိမ့်လိုက်ကာ
ကိုင်ထားတဲ့လက်ကို ဖြုတ်ပြီး
ပွေ့ချီမည်အလုပ်
"ရ...ရတယ် လိုက်မယ် လိုက်မယ် "
ပြောလည်းပြော ရှေ့ကနေလှစ်ခနဲပြေးထွက်သွားသည်
ခြေထောက်နာနေ၍ ထော့နဲ့ထော့နဲ့နှင့်ပြေးသွားသော
သူမကိုကြည့်ရင်း~~~

Can't live without youWhere stories live. Discover now