လွမ်းတယ် လွမ်းလိုက်တာ
Hoonie နဲ့ Japan ကိုလိုက်သွားတည်းက
သူမကို မတွေ့ရတာကြာပြီလေ...၄ရက်
" Changsubhyung !အိပ်နေပြန်ပြီလား
music bank rehersal သွားရမယ်
ထတော့မြန်မြန်"
Sungjae တစ်ယောက် အခန်းထဲဝင်လာပြီး
နားနားကပ်အော်ရုံတင်အားမရ
"ဖြန်း!"
ဖင်ကိုပိတ်ဆော်သွားသေးသည်
မထချင်ထချင်နဲ့ထလိုက်ပြီး
မျက်နှာသစ် ရေချိုးပြင်ဆင်ပြီး
အပြင်ထွက်လာခဲ့သည်******************************************
Schedule ရှိသဖြင့် ရေချိုးပြီး
အင်္ကျီလဲကာ အခန်းပြင်ထွက်လာစဉ်
"Ya Jung Ilhoon!"
လာပြန်ပြီ မန်နေဂျာhyung
"hyung ဘာလဲဗျာ ကျနော့ကိုတွေ့တိုင်းအော်ဖို့ပဲ"
"SNS ကြည့်ပြီးပြီလား?"
"ဘာလဲ ဘာကိုလဲ?"
"ဒီမှာ"
Hyung ကဖုန်းကိုထောင်ပြသဖြင့်
သေချာကြည့်လိုက်သည်
ဘေးတွင် Changsub hyung ကပါလာရပ်ကြည့်ကာ
"မင်းပုံတွေပါလား လုပ်ပြန်ပြီဒီကောင်တော့"
ရီကာနောက်ပြီးဘေးကထွက်သွားသည်
"ဒါတွေကဘလို!?"
"ဘလိုလုပ်မနေနဲ့ Hana အဆင်ပြေပါ့မလားမသိဘူး"************************************
"Hana! "
ဖိနပ်စီးရန်ပြင်နေသော လက်များကချက်ချင်းရပ်တန့်သွားပြီး Hoonie တို့နားဆီပြန်သွားလိုက်သည်
"Hana ဘာဖြစ်လို့လဲ?"
"ဒီပုံတွေက Hana နဲ့ပုံတွေလေ"
"ဟင်!"
မန်နေဂျာ ရဲ့လက်ထဲက ဖုန်းကိုယူပြီးကြည့်လိုက်ရာ
ပုံထဲတွင် Hoonie က ကားဘေးနားတွင်ရပ်နေတာဖြစ်ပြီး သူ့ရင်ခွင်ထဲတွင် ကောင်မလေးတစ်ယောက် မျက်နှာကဆံပင်နဲ့ကွယ်နေ၍သေချာမမြင်ရပေ
နောက်တစ်ပုံတွင် ကားဘေးတွင် Hana နဲ့ မန်နေဂျာကရပ်နေတဲ့ပုံဖြစ်သည်
"Hoonie! မင်းတို့က!"
"ဟာ တလွဲတွေတွေးမနေနဲ့ ဘာမှမဟုတ်ဘူး"
မန်နေဂျာ hyung ကိုကြည့်လိုက်တော့
"ဟုတ်တယ် ဘာမှမဟုတ်ဘူး...ဆိုပေမဲ့ ..."
ပြောနေရင်း Hoonie ဘက်ကိုပြန်ကြည့်လိုက်သဖြင့်
ကိုယ်ပါရောယောင်ပြီးလိုက်ကြည့်မိသည်
"Hoonie ဖက်ထားတဲ့ပုံတွေက!?"
Hoonie ကစိတ်ရှုပ်သွားသည့်ပုံနှင့်
ဆံပင်တွေကိုလက်နဲ့ထိုးဖွလိုက်ပြီး
"သူအိပ်ပျော်နေတာ ကျနော်တံခါးဖွင့်လိုက်တာဗျာ
နေဦး အဲဒါအသာထားဦး Nana နဲ့ပုံတွေကောပါလား
သူ့ပုံတွေမပါဖို့ အရေးကြီးတယ်"
"Ya မင်း အခုသူ့ကိုစိတ်ပူနေရမဲ့အချိန်လား!"
စိတ်တို၍ အသံကျယ်သွားသည်
"အင်း တော်သေးလို့ သူနဲ့ပုံတော့မပါဘူး
ငါ အဲ့ကိစ္စတွေသွားရှင်းလိုက်ဦးမယ်"
ပြောပြီး အလျင်စလိုထွက်သွားသည်
Hoonie ကို ကြည့်လိုက်တော့
ဘာမှပူပင်သည့်ပုံမပေါ်
ကိုယ့်ရှေ့ကနေထွက်သွားသဖြင့်
နောက်ကနေပဲ သက်ပြင်းချပြီး လိုက်သွားလိုက်သည်
YOU ARE READING
Can't live without you
РомантикаSinger and composer Hoon (Jung ilhoon of Btob) and Melody Hana (You) Romantic comedy❤