Ep 18

77 4 2
                                    

ထိုနေ့တွေ့ပြီးကတည်းကပင်
Ilhoonနှင့်မတွေ့ဖြစ်သည်မှာ
ယနေ့ထိဆို ၂ပတ်ရှိပြီဖြစ်၏
အကြောင်းမှာ Btob oversea concert များကြောင့်ပင်...
Msgလေးတစ်စောင် ပြန်မပို့၍
အိမ်ထိရောက်လာသူက ဤ၂ပတ်လုံးဖုန်းတစ်ချက်တောင်မဆက်ပေ...
Concert များအကြောင်းကိုလည်း
Social media မှ သတင်းများကြောင့် သူမ သိနေခြင်းဖြစ်၏
အမှန်တိုင်းဝန်ခံရလျှင် သူမဘက်မှစ၍
ဖုန်းမဆက်ရဲပါ
ကိုယ့်ကြောင့်အလုပ်ပျက်သွားမှာကတစ်ကြောင်း
မကိုင်မှာဆိုးသည်ကတစ်ကြောင်း
မဆက်ရဲသည်ကတစ်ကြောင်း
စသည့်အကြောင်းပေါင်းများစွာကြောင့်
မဆက်ဖြစ်ပေ...
သူကချစ်တယ်ဆိုသည်ကိုလည်း ခုချိန်ထိ အိပ်မက်တစ်ခုလိုပင်...
ခုလို မဆက်သွယ်တော့လည်း
စိတ်မကောင်းဖြစ်ကာ ဝမ်းလည်းနည်းမိသည်...
ထို့ကြောင့် အလုပ်ကိုသာဖိလုပ်နေကာ
အိပ်ချိန် နှင့် စားချိန်မှလွဲ၍ ကျန်သောအချိန်
ကိုယ့်ကိုယ်ကိုယ်အနားမပေးပဲ
အလုပ်ချည်းဖိလုပ်နေလိုက်၏
သူ့ကိုလွမ်း၍ စိတ်မကောင်းဖြစ်နေသည်ထက်စာလျှင်
အလုပ်ရှုပ်ပြီး ပင်ပန်းနေသည်ကမှပိုကောင်းဦးမည်...

***************************

ဆေးရုံမှအပြန် ကားဂိတ်မှအိမ်ထိ
တစ်ယောက်တည်း လမ်းလျှောက်နေရင်း
Missing you သီချင်းကိုတိုးတိုးလေးညည်းနေမိသည်
လက်ပတ်နာရီကိုကြည့်လိုက်တော့ ည၁၁နာရီ...
📲📲📲
"အွန်း omma"
"Nae ရောက်တော့မှာ လမ်းလျှောက်နေပြီ"
"ရတယ် ညစာက ဆေးရုံမှာစားခဲ့တယ် မပြင်ထားနဲ့တော့နော် nae~"
ဖုန်းကိုအင်္ကျီအိတ်ကပ်ထဲပြန်ထည့်လိုက်ပြီး
ဆက်လျှောက်နေလိုက်သည်...
အိမ်နားရောက်ခါနီးခပ်လှမ်းလှမ်းသို့ရောက်လျှင်
အိမ်ရှေ့တွင်ရပ်နေသောလူတစ်ယောက်ကြောင့်
ခြေလှမ်းများရပ်တန့်သွားကာ
ကြောင်ကြည့်နေမိသည်...

အိမ်နားရောက်ခါနီးခပ်လှမ်းလှမ်းသို့ရောက်လျှင်အိမ်ရှေ့တွင်ရပ်နေသောလူတစ်ယောက်ကြောင့်ခြေလှမ်းများရပ်တန့်သွားကာကြောင်ကြည့်နေမိသည်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
You've reached the end of published parts.

⏰ Last updated: Jan 08, 2019 ⏰

Add this story to your Library to get notified about new parts!

Can't live without youWhere stories live. Discover now