"Hoonie ဒါပြီးရင်မင်းပြန်နှင့် ငါဆေးရုံတစ်ချက်သွားလိုက်ဦးမယ်"
"Hyung ကဘယ်သွားစရာရှိသေးလို့လဲ?"
"Hana နဲ့သွားတွေ့ရမယ်လေ မင်းကိစ္စ"
"ကျနော့ ကိစ္စ? ဘာကိုလဲ?"
"မင်း ဂျပန် သွားဖို့လေ"
"ကျနော် ဂျပန်သွားတာ သူနဲ့ဘာဆိုင်လို့လဲ?"
Manager hyung က သူ့ကို တစ်ချက်စိုက်ကြည့်လိုက်ပြီး
"မင်းရောဂါ ကိစ္စလေ"
*ဪ ဟုတ်သားပဲ*
Hyung ကိုခေါင်းငြိမ့်ပြလိုက်ပြီး
"ဪ အင်း သွားလေ ကျနော်လည်းလိုက်ခဲ့မယ်"
"အမယ် ထူးထူးဆန်းဆန်းပါလားကွ"
"လျှောက်တွေးမနေနဲ့ ကားပေါ်မှာကျန်ခဲ့မှာ"
"အေးပါ ဟုတ်ပါပြီ တက် ကားပေါ်"
ကားတံခါးဖွင့်ပြီး တက်လိုက်သည်********************************************
ဆေးရုံရှေ့ရောက်သော်
"Hyung မကြာစေနဲ့နော်"
"အေးပါ မကြာပါဘူးဟ"
ပြောရင်း Hyung ဖုန်းမြည်လာသည်
"company က "
ပြောရင်းကိုင်လိုက်သည်
"Nae! ah nae nae အခုလာခဲ့ပါ့မယ်"
"ဘာလဲ Hyung?"
"အင်း လှမ်းခေါ်နေတယ်ငါ့ကို concert ကိစ္စတဲ့"
"ဪ အာ့ဆိုသွားမယ်လေ"
"ရောက်လက်စနဲ့မင်းဝင်ပြောလိုက်ပါလား"
"ဟာ မပြောချင်ဘူး သူနဲ့ကျနော်က တည့်တာမဟုတ်ဘူး"
"မင်းကလည်းကွာ မင်းသွားလိုက်ရင် ငါ့တွက်အလုပ်တစ်ခုလျော့တာပေါ့ကွာ ပြီးတော့ မင်းနဲ့တူတူသွားရမဲ့ ဥစ္စာ"
Hyung ကိုဘုကြည့်တစ်ချက်ကြည့်လိုက်ကာ
"ပြီးရောဗျာ ပြီးရော ကားကကော?"
"တက်စီနဲ့ပြန်လာခဲ့ကွာ"
"ဪ တော်လိုက်တဲ့ မန်နေဂျာ idol ကိုတက်စီနဲ့ပြန်လာခိုင်းတယ်နော်"
"ဟဲဟဲစတာပါကွာ ငါမှီရင်တော့ပြန်လာကြိုပါ့မယ်"
ဘာမှပြန်မပြောတော့ပဲ ကားပေါ်ကဆင်းလိုက်ကာ
mask တပ်လိုက်သည်
ဆေးရုံဘက်တစ်ချက်ကြည့်ကာ သူမရှိရာ
emergency department ထဲဝင်သွားလိုက်သည်*******************************************
တစ်နေ့လုံး အရေးပေါ်လူနာတွေနဲ့အလုပ်ရှုပ်နေရာ
နေ့လည်စာတောင်မစားရသေးပေ
အခုလည်း ရန်ဖြစ်ပြီး အချင်းချင်းဓားနဲ့ခုတ်ကြသတဲ့
လက်မောင်းမှာ ပြတ်ရှဒဏ်ရာ က တစ်ထွာလောက်ရှိသည်
ထိုလူရဲ့ဒဏ်ရာကို ထိုင်ချုပ်ပေးနေခြင်းဖြစ်သည်
"နာတယ်ဗျ ဖြေးဖြေးလုပ်စမ်းပါ"
ဒေါသကိုမြိုချပြီး ဆက်ချုပ်ပေးနေလိုက်သည်
ထုံဆေးထိုးထားတာတောင် တမင်ပြဿနာရှာနေတာဖြစ်သည်
"အ နာပါတယ် ဆို ဒီဆရာဝန်မ ကကြမ်းလှချည်လား"
ချုပ်နေတဲ့လက်ကိုဖြက်ကနဲလာရိုက်ကာပုတ်ထုတ်ခံလိုက်ရသည်
"ဒီမယ် ဦးလေး ငြိမ်ငြိမ်နေနော် ပြီးမှ ကျွန်မကိုအဆိုးမဆိုနဲ့"
ဘေးကသူနာပြုဆရာမလေးက ကြောက်နေသည်
"ဒေါက်တာ အဆင်ပြေရဲ့လား "
"ပြေတယ် အေးဆေး"
ချုပ်နေရင်းပြန်ဖြေလိုက်သည်
ပြီးခါနီးလောက်ကျတော့ ထိုလူက ချုပ်နေတဲ့ကိုယ့်ကိုပခုံးကနေတွန်းလိုက်သဖြင့် လူကဒေါသထောင်းကနဲထသွားသည်
"ဘယ်လိုချုပ်နေတာလဲ ဒါလေးချုပ်တာ
ဒါလောက်တောင်နာရလား ဟမ်!"
ကိုယ့်ကို လက်ညိုးထိုးပြီး အော်ကြီးဟစ်ကျယ်ပြောနေသော ထိုလူကို စိတ်ပျက်ပျက်နဲ့ကြည့်နေရင်း လက်ထဲကပစ္စည်းတွေ ကို ခနချထားလိုက်သည်
"Ya!!!"
ပိတ်အော်လိုက်သည်
YOU ARE READING
Can't live without you
Storie d'amoreSinger and composer Hoon (Jung ilhoon of Btob) and Melody Hana (You) Romantic comedy❤