Ep 17

50 4 0
                                    

Photo credit~

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Photo credit~

အိပ်ချင်မူးတူးနှင့်ဆေးရုံထဲမှထွက်လာစဉ်
"ညကကောင်းကောင်းမအိပ်ရလို့လား?"
အသံနှင့်အတူရုတ်တရက်ပေါ်လာသူမှာ...

Mask တပ်ထားသော်လည်းမျက်လုံးများကြောင့်
ဘယ်သူမှန်းသူမ သိနေသည်
"လန့်လိုက်တာ~!"
"အိပ်ချင်မူးတူးလေး~"

ပြောလည်းပြော သူမခေါင်းကိုဖွဖွလေးလာပုတ်နေသဖြင့်
လူကအလိုလိုတောင့်သွား၏
ခနကြာမှသတိဝင်လာကာ
"သွား...သွားတော့မယ်"
"ဘယ်သွားမှာလဲ?"
လက်ကိုဆွဲထားသဖြင့် ထိုလက်ကိုဖြုတ်ချလိုက်သည်
"အိမ်...အိမ်ပြန်မှာပေါ့"
*ဘာကိစ္စ စကားတွေက ထစ်နေရတာလဲ!*

"ကိုလိုက်ပို့မယ်လေ"
ပြောလည်းပြော လက်ကိုပါ တခါတည်း
ဆွဲခေါ်ချသွားသဖြင့် ငြင်းချိန်တောင်မရလိုက်ပေ

ခါးပတ်ပတ်ပြီး ရှေ့တည့်တည့်ပဲကြည့်နေမိသည်
အမှန်တော့ သူ့မျက်နှာကို စေ့စေ့မကြည့်ရဲသောကြောင့်ဖြစ်၏
ကားစက်မနှိုးသေးသဖြင့် Ilhoonကိုလှည့်ကြည့်လိုက်ရာ
Maskကို ဖြုတ်ထားပြီးဖြစ်၍
သူမကိုကြည့်ကာပြုံးနေလေသည်
ရှေ့ကိုအမြန် ပြန်လှည့်လိုက်ရကာ
"သွား မယ်လေ...ဗိုက်...ဗိုက်ဆာနေပြီ"

********************************************

ညကနမ်းလိုက်သည်ကို မနက်အထိရှက်နေသော
Hana ကိုကြည့်ရင်း သူစချင်လာသည်
ထို့ကြောင့် ကားမောင်းမထွက်သေးပဲ
စိုက်ကြည့်နေလိုက်၏
ထင်သည့်အတိုင်းပင်
သူ့ကိုအကြည့်ချင်းမဆုံပဲ ချက်ချင်းပြန်လှည့်သွား၏
ဘေးကကြည့်လျှင်ပင် သူမမည်မျှရှက်နေကြောင်းကို
ရဲနေသောပါးမို့မို့လေးများက ဖော်ပြနေ၏...

Can't live without youWhere stories live. Discover now