Kim Taehyung....
သူ့ဘ၀ဟာအမြဲrepeatလုပ်ထားတဲ့
ရုပ်ရှင်ကားတစ်ခုလိုပင်...
နေ့တိုင်းဟာ ဘာမှမပြောင်းလဲ
မနက်ပိုင်းcollege ညနေပိုင်းအလုပ်
ညပိုင်းဆိုအိမ်
အမြဲတမ်းအဲ့ဒီအတိုင်းသာ
တစ်ခါတစ်လေ သူတွေးမိသည်
သူဟာကျိန်စာမိပြီး
နေ့တိုင်းတူညီတဲ့အဖြစ်အပျက်တွေကနေ
ရုန်းထွက်လို့မရတာလားလို့..။ညနေပိုင်းအလုပ်ပြီးတော့
သူအိမ်ကိုလမ်းလျောက်ပြန်လာလိုက်တယ်။
ပြန်လာတဲ့လမ်းတစ်လျောက်
သူ့စိတ်ထဲမကောင်းတာတစ်ခုခုကို
ခံစားမိနေသလိုပင်...
စိတ်ထင်တာနေမှာပါဟုသာ
ကိုယ့်ကိုယ်ကို ဖြေတွေးလိုက်သည်။
အိမ်လို့ခေါ်တဲ့နေရာရောက်လာတဲ့အချိန်မှာ
ညကနည်းနည်းနက်နေပြီ။
အိမ်မှာသူ့ကိုစောင့်နေသူတော့
တစ်ယောက်မှမရှိ...သူနေတဲ့အထပ်ကိုရောက်တာနဲ့
တံခါးpasswordကိုခမ်မြန်မြန်ဘဲ
သူရိုက်ထည့်လိုက်သည်။
ဒီပတ်ဝန်းကျင်က လူသူကင်းရှင်းသည်။
သူ့အိမ်နားမှာအိမ်နီးချင်းတွေသိပ်မရှိသလို
ရှိတဲ့အနည်းစုကိုလဲသူမသိ...အိမ်ထဲရောက်တာနဲ့ဧည့်ခန်းမီးကိုဖွင့်ကာ
ဆိုဖာပေါ်သူပစ်လှဲလိုက်တယ်။
သူတစ်နေကုန်ပင်ပန်းထားသမျှကို
အသက်၀၀ရှုသွင်းရှုထုတ်လုပ်ရင်း
တိတ်ဆိတ်မှုကိုဖြိုခွဲရအောင်လို့
ဘာရယ်မဟုတ် သူTVကိုဖွင့်လိုက်သည်။
TVမှာတော့ညပိုင်း
အရေးကြီးသတင်းကလာနေသည်။"××××လူသတ်တရားခံဟုသံသယရှိသူ
Jeon Jungkook,၁၈နှစ်ကို
ခုထိရှာလို့မတွေ့သေးပါဘူး
တရားခံဟုသံသယရှိသူဟာ
သူ့မိခင်ကိုသူပြန်သတ်ဖို့
ကြိုးစားခဲ့တယ်ဟုယူဆရပြီး
လောလောဆယ်မှာတော့
သူ့မိခင်ဖြစ်သူအမျိုးသမီးဟာ
ဆေးရုံမှာဆေးကုသမှုခံယူနေပါတယ်
သံသယရှိသူကို မိမိတို့ပတ်ဝန်းကျင်မှာတွေ့ပါက
အမြန်ဆုံးအကြောင်းကြားပေးဖို့.....xxx....."TVဖန်သားပြင်မှာမြင်နေရတဲ့
Jeon Jungkookရဲ့ပုံကိုသူကြည့်မိလိုက်သည်။
မော်ဒယ်တစ်ယောက်လို
မြင့်မားတဲ့အရပ်အမောင်းနဲ့
ခန္ဓာကိုယ်အချိုးအစားအပြင်
မျက်လုံးတောက်တောက်များ
ထင်ရှားပြတ်သားတဲ့မေးရိုးများနဲ့
အတော်ကိုကြည့်ကောင်းတဲ့
ဆယ်ကျော်သက်ပုံစံမျိုး...
ဒါပေမယ့်
18နှစ်အရွယ်မျက်နှာနုနုလေးကြောင့်
ကလေးတစ်ယောက်ရဲ့ပုံစံတော့မပျောက်သေး..
ဘယ်လိုမှလူသက်တရားခံဟု
ထင်ရက်စရာကိုမရှိပေ။

YOU ARE READING
Way Back Home { COMPLETED }
FanfictionThe story of two hurt and broken boys find home in each other arms.... ended being each other's strength to keep living...