ကျောပြင်နဲ့ထိကပ်ထားတဲ့ဆီက
နူးညံ့တဲ့အထိအတွေ့ကြောင့်
သူအိပ်ယာပေါ်ရောက်နေမှန်း
သတိထားမိသွားသည်....။အိမ်မက်ဖြစ်ပါစေလို့ဆုတောင်းမိပေမယ့်
ဘေးမှာအိပ်မောကျနေတဲ့ထိုသူနဲ့
အသက်ရှုတာတောင်နာကျင်နေတဲ့
ခန္ဓာကိုယ်ကအိမ်မက်မဟုတ်ကြောင်း
သက်သေပင်....။ကုတင်ပေါ်ကဖြေးဖြေးထက
သူထွက်ပြေးဖို့ကြိုးစားလိုက်ပေမယ့်
သူ့အလိုကိုမလိုက်နိုင်တဲ့
ထုံကျင်နေတဲ့ခြေထောက်တွေကြောင့်
ကုတင်ဘေးကို သူဝုန်းခနဲပြုတ်ကျသွားတယ်။"သြော်....နိုးလာပြီလား
Kim Taehyung"သူပြုတ်ကျသွားတဲ့အသံကြောင့်
Jungkookနိုးလာပြီး
မတ်တတ်မရပ် နိုင်တဲ့သူ့ကိုဆွဲထူကာ
ကုတင်ပေါ်ကိုပြန်တင်လိုက်တယ်။
ဘာအားမှမရှိတဲ့အပြင်
ကြွက်သားတစ်မျှင်တောင်မလှုပ်နိုင်တဲ့
သူ့လက်ကို ကုတင်ခေါင်းရင်းကသံတိုင်နဲ့
ထပ်ချည်ထားပြန်တယ်.....။"ဒီမှာဘဲ ငြိမ်ငြိမ်နေနေနော်
ဒီလိုမျိုး အခြေအနေနဲ့
ခင်များဘယ်လိုမှထွက်ပြေးလို့ရမှာမဟုတ်ဘူး"သူ့ကိုခြိမ်းခြောက်ပြီး
အခန်းထဲက ထွက်သွားကာ
သိပ်မကြာခင်ပြန်ဝင်လာတယ်၊
လက်ထဲမှာတော့ ပေါင်မုန့်တစ်ချပ်နဲ့နို့တစ်ဘူး
ရေခဲသတ္တာထဲကဟာကိုယူလာတာ..."စားလိုက်"
ပါးစပ်ထဲထိရောက်အောင်
အတင်းထိုးကျွေးနေတာကြောင့်
သူပေါင်မုန့်ကိုကြောက်ကြောက်လန့်လန့်နဲ့
ဝါးလိုက်ရပေမယ့်မြိုမချနိုင်..
ပါးစပ်နားကပ်ခါလောင်းထည်လိုက်သော
နို့ကြောင့် သူသီးသွားပြန်သည်....။"ကျွေးနေတုန်းကောင်းကောင်းစားထားနော်
Kim Taehyung"ဒီပေါင်မုန့်နဲ့နို့ကိုစားရတာ
သူ့ဘ၀မှာအခက်အခဲဆုံးပင်
ခြောက်ကပ်နေတဲ့လည်ချောင်းကြောင့်
အစာမြိုချလိုက်တိုင်းနာကျင်ကာ
မျက်ရည်တွေပါကျလာတယ်။

YOU ARE READING
Way Back Home { COMPLETED }
FanfictionThe story of two hurt and broken boys find home in each other arms.... ended being each other's strength to keep living...