"တကယ်တော့ ခင်များကို
ဝန်ခံစရာ ထပ်ရှိသေးတယ်"မနက်စာစားနေရင်း ရုတ်တရက်
Jungkookစကားစပြောလိုက်တာကြောင့်
Taehyungလက်ထဲကဇွန်းကိုချကာ
Jungkookကိုကြည့်လိုက်တယ်..."ခင်များနောက်ကို
အရင်ထဲက အမြဲတစ်ကောက်ကောက်
လိုက်နေခဲ့တာ""အင်း....မင်းပြောဖူးတယ်လေ..."
"အင်း...ဘယ်လိုပြောပြရမလဲ...
အစပိုင်းတုန်းက ခင်များကို
အရမ်းမနာလိုဖြစ်ပြီး မုန်းခဲ့ဖူးတယ်...
ဒါပေမယ့်...."Jungkookကစကားဆက်မပြောတော့...
သူ့အကြည့်ကိုလွဲရင်း
လည်ပင်းကိုလက်နဲ့ပွတ်ကာ
ခေါင်းငုံလိုက်တယ်...။"ဒါပေမယ့်..ဘာဖြစ်လဲ"
Taehyungစကားဆက်ထောက်ပေးပေမယ့်
Jungkookကခေ၊င်းပြန်မော့မလာ...."ဒ၊ပေမယ်......"
"........"
"အာာာ...တော်ပြီ
ညကျရင်အပြင်သွားစရာရှိသေးတယ်
အဲ့တော့မှပြောပြတော့မယ်..."သောက်လက်စကော်ဖီကိုတောင်
ဆက်မသောက်ဘဲ
Jungkookထထွက်သွားသည်...။
Taehyungဘာမှဆက်မပြောတော့
Jungkookနားရွက်ဖျားတွေရဲနေတာတော့
သူသတိထားမိသည်...။မနက်စာစားပြီးတော့
Taehyungဆိုဖာပေါ်လှဲရင်း
TVကလာနေတဲ့ရုပ်သံဇာတ်လမ်းတွဲကို
ပျင်းပျင်းနဲ့ကြည့်နေမိသည်။
သူအခုဘာမှမလုပ်ချင် ဘာမှလဲမတွေးချင်
လူကပင်ပန်းပြီး စိတ်ကရှုပ်ထွေးနေတယ်...ဇာတ်လမ်းဆီစိတ်ရောက်နေတုန်း
ရုတ်တရက် ဆွဲပွေ့ခံလိုက်ရပြီး
သူ့ကိုယ်အပေါ်ပိုင်းက
Jungkookပေါင်ပေါ်ရောက်သွားတယ်။
ပါးပြင်ကိုလာထိတဲ့ ပူနွေးတဲ့
အထိအတွေ့ကြောင့် သူမော့ကြည့်လိုက်တော့
မနေ့ညက အရိုက်ခံလိုက်ရလို့
ရောင်ကိုင်းနေတဲ့သူ့ပါးကို
Jungkookက ရေနွေးဝတ်နဲ့
ဂရုတစိုက် ကပ်ပေးနေတာ.....သြော်.....လွန်ခဲ့တဲ့သုံးရက်က
ဒီဆိုဖာပေါ်မှာဘဲသူjungkookကို
အကြောက်အကန်ငြင်းဆန်ပြီး
သွေးပျက်ခဲ့ဖူးသလို
Jungkookကလဲသူ့ကိုအတင်းအကြပ်
နှိတ်စက်အနိုင်ကျင့်ဖူးတယ်....။
အခုကျတော့လဲ
သူတို့နှစ်ယောက်ကြား ဘာမှမဖြစ်ခဲ့သလိုပင်....။
CZYTASZ
Way Back Home { COMPLETED }
FanfictionThe story of two hurt and broken boys find home in each other arms.... ended being each other's strength to keep living...