Truth

5K 592 33
                                    

"Kim Taehyung...Kim Taehyung
ထ​တော့....Kim Taehyung"

ပါးကိုခပ်​ဆက်​ဆက်​ပုတ်​ကာ
လှုပ်​နိုး​နေတာ​ကြောင့်
သူပြန်​သတိရလာတယ်​။
သူ့အိပ်​ယာ​ပေါ်​ကိုသူပြန်​​ရောက်​​နေပြီ.....
အ၀တ်​​တွေဝတ်​​ထား​ပေးသလို
ဒဏ်​ရာ​တွေကိုလဲ​ဆေးထည့်​​ပေးထားတဲ့ပုံရတယ်​။
သူ့လက်​​ကောက်​၀တ်​နှစ်​ဖက်​မှာလဲ
ပတ်​တီး​တွေနဲ့.....

"ခင်​များ​ရေခဲ​သေတ္တာမှာ
စားစရာသိပ်​မရှိ​တော့ဘူး...
Bank card​ passwordပေး
ဈေးသွားဝယ်​မလို့"

သူjeon jungkookကို
စိတ်​ပျက်​လက်​ပျက်​ ကြည့်​လိုက်​တယ်​။
ငါ့အိမ်​ထဲကျူး​ကျော်​၀င်​တယ်
နှိတ်စက်​တယ်​ rapeလုပ်​တယ်
အခုဓားပြပါလာတိုက်​​နေပြန်​ပြီ....။

"မြန်​မြန်​​ပြောKim Taehyung"

"454641"

"အခု​တော့ခင်​များလက်​​တွေ​ခြေ​တွေ
ခဏပြန်​ချုပ်​ထားဦးမယ်​..
စိတ်​မပူပါနဲ့ ...
တကယ်​လို့ ကျုပ်​ဖမ်းခံထိရင်​​တောင်
ခင်​များကိုဒီအိမ်​မှာချုပ်​ထားတာကို
ပြောပြလိုက်​ပါ့မယ်​...
အဖမ်းခံရပါ​စေဆု​တောင်း​ပေါ့"

Jungkook ကသူ့လက်​​ရော​ခြေ​ရောကို
ကုတင်​ကသံ​တိုင်​နဲ့ပြန်​တွဲ​ချည်​တယ်​။
ပြီးတာနဲ့ခပ်​ရွဲ့ရွဲ့ပြုံးရင်း
သူ့​ခေါင်းစွပ်​အင်္ကျီအမဲကိုဝတ်​ခါ
Maskတပ်​ပြီး အပြင်​ထွက်​သွားတယ်​။

သူ​သောကြာ​နေ့ညထဲကအဖမ်းခံ​နေရတာ
အခုတနင်္ဂ​နွေညဖြစ်​​နေပြီ
နောက်​ရက်​​တွေသူ​ကျောင်းမတတ်​ဖြစ်​လဲ
ကျောင်းကသူ့ကိုသတိထားမိမှာမဟုတ်​သလို
အလုပ်​ကလဲတစ်​ပတ်​​လောက်​မလာမှသာ
သူ့ဆီဖုန်းဆက်​မှာ...
သူအ​တွေးများ​နေတုန်း
ရုတ်​တရက်​မီးပျက်​သွားတာ​ကြောင့်
သူငိုချင်​သွားတယ်​...။

အ​မှောင်​ထဲမှာတစ်​​ယောက်​​နေရင်း
သူမျက်​ရည်​​တွေကျလာတယ်​။
အခုချိန်​မှာတစ်​​ယောက်​​ယောက်​က
သူ့ကိုလာကယ်​တာကို
သူအသည်းအသန်​လိုချင်​သည်​။
တစ်​​ယောက်​ထဲမဖြစ်​ချင်​...
ယုတ်​စွအဆုံး..
ဟိုတရားခံ​ပြေး jeon jungkook
ပြန်​လာရင်​​တောင်​ သူဝမ်းသာမိမှာ..။

Way Back Home { COMPLETED }Where stories live. Discover now