"ဒီနေ့အရမ်းပျော်ခဲ့တယ်မဟုတ်လား
ကျုပ်ရောဘဲ....
အဲ့ဒီနေရာတွေကို အရမ်းသွားချင်ခဲ့တာ
အရင်ထဲက တစ်ခေါက်မှမရောက်ဖူးဘူး"သူတို့အိမ်ပြန်ရောက်တော့
ည၁၁နာရီတောင်ထိုးတော့မယ်
ပါးစပ်မစေ့နိုင်အောင်ပျော်နေတဲ့
Jungkookဟာသူ့ကိုဆွဲဖက်ရင်း
အိပ်ယာပေါ်ကို ခြေပစ်လက်ပစ်လှဲလိုက်တယ်။သူဘာမှပြန်မဖြေမိ....
သူ့ရင်ဘက်ကိုခေါင်းတင်အိပ်လိုက်တဲ့
Jungkookခေါင်းကဆံပင်တွေကို
ခပ်ဖွဖွသပ်ပေးနေမိတယ်...။Jungkookသူ့ကိုလိမ်ခဲ့တယ်...
ဘာကြောင့်လဲ ဆိုတာကို
သူရိပ်မိပေမယ်
သူအခု မေးကြည့်မှဖြစ်မယ်......။"ဒီနေ့သွားတဲ့နေရာတွေက....
ကလေးတွေသွားချင်တဲ့နေရာတွေ....""အဲ့ဒီတော့..."
သူ့ကိုဖတ်ထားတဲ့jungkookလက်တွေ
ပိုတင်းသွားသလို အေးစက်စက်အသံနဲ့
သူ့စကားကိုထောက်ပေးတယ်....။"မေးခွန်းဖြေတမ်းဆော့တုန်းက
ငါ့ကိုလိမ်ပြီးဖြေခဲ့တယ်မဟုတ်လား
တကယ်တော့....
မင်းအမေကိုမင်းမမုန်းဘူးjungkook
မင်းသူ့ကိုချစ်တယ်....
ဒီနေ့သွားခဲ့တဲ့နေရာအားလုံးကို
မင်းအမေနဲ့မင်းသွားချင်ခဲ့တာ....."သူ့စကားအဆုံးမှာ သူ့ပါးတစ်ခြမ်း
လည်ထွက်သွားတယ်...။
Jungkook ကသူ့ကိုပိတ်ရိုက်ပစ်လိုက်တာ..."မဟုတ်ဘူး မဟုတ်ဘူး...တော်တော့...
ခင်များကဘာသိလို့လဲ....
ကျုပ်ကိုနားလည်ပေးချင်ယောင်လာဟန်မဆောင်နဲ့
ကျုပ်သူ့ကို အရမ်းမုန်းတာ"ဒေါသတကြီးအော်ဟစ်ပြီး
ကုတင်ကိုလက်သီးနဲ့ထိုးနေတဲ့jungkokကို
သူခဏလွတ်ထားပေးလိုက်တယ်...။
Jungkookပုံစံက
ဒဏ်ရာရနေတဲ့ ကျားနာတစ်ကောင်လိုပင်...
ခုနကကလေးဆန်တဲ့အမူအရာတွေမရှိတော့...ဒါပေမယ့်..
အော်ဟစ်သောင်းကျန်းသံတွေကနေ
ရှိုတ်သံတွေအဖြစ်ပြောင်းသွားတဲ့အခါမှာတော့
သူjungkookကိုခပ်ဖွဖွပွေ့ဖက်လိုက်တယ်။

YOU ARE READING
Way Back Home { COMPLETED }
FanfictionThe story of two hurt and broken boys find home in each other arms.... ended being each other's strength to keep living...