Part 3
Arthit
အပြန်မှာ P summy က ဆိုင်တစ်ဆိုင်မှာ ဝင်ထိုင်ရင်း
" ညစာတစ်ခါတည်း စားလိုက် Arthit "
" ဟုတ်ကဲ့ P "
ညစာမှာပြီး စားလိုက်သည် ပြီးတော့ Pက ဝိုင်ကိုအကောင်းစား မှာပေးသည်
" Arthit သူငယ်ချင်း kong ပြောတဲ့စကား အဓီပ္ပာယ်က Arthit.ကို စိတ်ဝင်စားနေတယ် ထင်တယ် "
" P က စိတ်ပူလို့လား "
" စိတ်ပူမိတာတော့ အမှန်ပဲ Arthit ဆေးရုံတစ်ခုမှာ အတူတူအလုပ်လုပ်ပြီး နေ့တိုင်းအတူတွေ့နေရပြီး သံယောဇဉ် တွေခိုင်မာလာနိင်တယ်လေ "
" kongနဲ့  ကျွန်တော်က ဆေးကျောင်း Final မှာကတည်းက bright မိတ်ဆတ်လို့  သိခဲ့ရတာပါ အခုkongနဲ့ သိတာ သုံးနှစ်ကျော် လေးနှစ်ပြည့်တော့မယ် သူကျွန်တော်ကို တကယ်ချစ်ရင် ဖွင့်ပြောပြီပေါ့ P "
" P သူမျက်လုံးကို ကြည့်တာနဲ့ သိတယ် သူ Arthit ကို ချစ်နေပြီ "
" မဖြစ်နိုင်တာ P "
" P ကို နေရင်းထိုင်ရင်း သဝန်ကြောင်ပြီး အူတိုတယ်လို့ မမြင်ပါနဲ့ Arthit အချစ်ကို မရမချင်း P စိတ်ပူမိတာတော့ အမှန်ပဲ "
Kong က ကျွန်တော်ကို ဂရုစိုက်တာတော့ အမှန်ပါပဲ အဲ့ဒီဂရုစိုက်မှုတွေက တကယ်ပဲမရိုးသားခဲ့ဘူးလား
@@@@@
Kong pov
ဒီနေ့ သူငယ်ချင်းတွေမပါပဲ Arthit ကို ကျွန်တော် နှစ်ယောက်တည်းတွေ့ဖို့ ချိန်းလိုက်သည်
" အမြဲနောက်ကျတက်တဲ့ မင်းက ဒီနေ့ အစောရောက်နေပါ့လား ဘာနေ့မို့လို့ နှစ်ယောက်တည်း ချိန်းရတာလဲ "
" Oon ကို မုန့်ကြွေးချင်လို့ "
" Oon ဟုတ်လား "
" ဘာစားမလဲ Oon pinkmilk နဲ့ ကွေ့သယိုပဲလား "
" အင်း "
အစာအစားတွေလာချတဲ့ထိ kong ကျွန်တော်မျက်နှာကိုပဲ ကြည့်နေတယ် ကျွန်တော် pinkmilk သောက်ရင်း သူအကြည့်တွေ့ကြောင့် အနေခတ်လာသည်
" ဘာလို့ အဲ့လောက်ထိ ကြည့်နေတာလဲ "
" Oon က ချစ်စရာကောင်းလို့  "
" မြှောက်မနေနဲ့ လိုရင်းပြော အမြှောက်ကြိုက်တဲ့ ကလေးလေး မဟုတ်ဘူး ငါက "
" Oon မှာ ချစ်သူရှီလား ဟိုတနေ့က P'Summy ဆိုတဲ့လူကို ပြန်ချစ်မှာလား "
" ဘာလို့ မေးတာလဲ "
" သိချင်လို့ပေါ့ "
" ဘာကြောင့် သိချင်ရတာလဲ "
" Oonအကြောင်းဘာမဆို ကျွန်တော် သိချင်လို့ "
" အဖြေပြန်မပေးရသေးဘူး ငြင်းလည်းမငြင်းချင်သေးဘူး kong သာဆိုရင်ရော့ အချစ်ကို ဦးဏှောက်နဲ့  ရွေးချယ်မှာလား နှလုံးသားနဲ့ ရွေးချယ်မှာလား "
" Oon အဲ့လိုမေးမှာတော့ ကျွန်တော် ဖြေမယ် ကျွန်တော်မှာ ဘာမှအပြစ်ဆိုစရာမရှီ မိဘချင်းသဘောတူထားတဲ့ Yort ဆိုတဲ့ကောင်လေး တစ်ယောက်ရှီတယ် အဲ့ကောင်လေးနဲ့ ကျွန်တော်စေ့စပ်ထားတယ် အဲ့ဒီကောင်လေးက လူမူရေး အရမ်းကျွမ်းကျင်သလို စီးပွားရေးမှာလည်း သူကို ယှဉ်လို့ မရနိုင်အောင်တော်လွန်းတယ် "
" အဲ့တော့ Yort ဆိုတဲ့လူကို kong က နှလုံးသားနဲ့ ရွေးချယ်ထားတာလား ဦးဏှောက် နဲ့ရွေးချယ်ထားတာလား "
" မိဘတွေအလိုကျ Yort ကလည်း ကျွန်တော်ကို ချစ်တာကြောင့် ကျွန်တော် Yort နဲ့ လက်ထပ်ဖို့ ဦးဏှောက်နဲ့ ရွေးချယ်ခဲ့တယ် အခု ကျွန်တော် အချစ်ကို နှလုံးသားနဲ့ ရွေးချယ်ချင်တယ် "
" ဘာကိုဆိုလိုချင်တာလဲ kong "
" ကျွန်တော် Arthit ကိုချစ်တယ် "
" ဟင် ! "
Next Trailer
Arthit " ချစ်တယ်ဆိုတဲ့စကားကို လွယ်လွယ်လေး မပြောပါနဲ့ အချစ်နဲ့ လက်ထပ်ခြင်းက တစ်ထပ်တည်း ကျရမယ် ငါကိုလက်ထပ်ရဲမှ ချစ်တယ်လို့ပြောပါ kong
YOU ARE READING
အချစ်စစ်
General Fictionအချစ်စစ် Intro Kongpob သူမှာကိုယ့်မကြိုက်တဲ့ အချက်တွေအများကြီးရှီတယ် သူကသွေးဆူလွယ်တယ် ဒေါသကြီးတယ် တဖတ်သားကို အနိုင်ရမှကျေနပ်တယ် ဒါပေမဲ့ ကိုယ့်က သူကိုပဲချစ်တယ် Arthit ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ကို ပစ်လိုက်တာလား တစ်ကောင်ကိုတော့သေစေ တစ်ကောင်ကိုတော့...