Part 8

519 54 0
                                    

Part  8

Yort pov

P kong က ကျွန်တော်ကိုတွေ့ ချင်တယ်ဆိုလို့  ကုမ္ပဏီကို မသွားပဲနဲ့ အိမ်မှာပဲ စောင့်နေလိုက်သည်  P kong လာတော့ ရေချိုးကန်နား ခေါ်သွားပြီ

" ဝိုင်သောက်မလား အရက်သောက်မလား P "

" ဘာကြောင့် Arthit ကိုသွားတွေ့တာလဲ  "

" Arthit က P ကိုပြောလိုက်ပြီထင်တယ်  Arthit နဲ့ P လက်ထပ်လို့ မရဘူးနော် ချစ်ပဲချစ်လို့ရမယ်  Arthitအကြောင်းကို ကျွန်တော်စုံစမ်းပြီးပြီ Arthit က P မိသားစုနဲ့ အဆင်ပြေမယ်လို့ P ထင်နေလား "

"   ဟုတ်တယ် အဆင်မပြေနိုင်ဘူး သူမှာ Pမကြိုက်တဲ့ အချက်တွေအများကြီးရှီတယ် သူကသွေးဆူလွယ်တယ် ဒေါသကြီးတယ် တဖတ်သားကို အနိုင်ရမှကျေနပ်တယ် ဒါပေမဲ့ Pက သူကိုပဲချစ်တယ် အချစ်ကတန်ဖိုးပဲ  အချစ်က သူရဲ့ အပြစ်တွေကို လုံးဝမမြင်စေနိုင်ဘူး Pသူကို တကယ်အချစ်စစ်နဲ့ ချစ်တာပါ "

" ကျွန်တော်ရဲ့ ပြိုင်ဘက်ကို အလဲထိုးဖို့ သူအကြောင်းလာပြောတဲ့ အတွက် P ကိုကျေးဇူးတင်ပါတယ် ကျွန်တော်ကို စိန်ခေါ်ခဲ့တဲ့သူကို အနိုင်ရမှ ကျေနပ်နိုင်မယ် "

" ဘာတွေ ကောက်ကျစ်အုန်းမလို့လဲ Yort "

" ကောက်ကျစ်တယ် ဟုတ်လား P ကိုယ့်နဲ့စေ့စပ်ထားတဲ့သူကို ပြန်ရအောင်ယူတာ ကောက်ကျစ်တာတဲ့လား "

" မင်းစေ့စပ်ထားတဲ့သူက မင်းကိုမှမချစ်တာ Arthit နဲ့ ထပ်မတွေ့ပါနဲ့ကွာ   "

" ကျွန်တော်နောက်မဆုတ်ပေးဖူး P စေ့စပ်ပွဲလည်း မဖျတ်သိမ်းပေးနိုင်ဘူး  "

" အဲ့ဒါဆို P ဘက်ကပဲ စေ့စပ်ပွဲကို ဖြတ်သိမ်းနိုင်အောင် ကြိုးစားလိုက်ပါမယ် "

ကျွန်တော် Yort ကိုအားနာပေမဲ့ အပြတ်ပြောခဲ့လိုက်သည် ဆေးရုံရောက်တော့  Oon. ကျွန်တော်ကို စကားမပြောပဲ နေနေသည်  နေ့ခင်းထမင်းစားချိန်တော့ သူငယ်ချင်းတွေက ရှောင်ပေးပြီး အဆင်ပြေအောင် ကြိုးစားခိုင်းသည်

"Oon ဒီတစ်ပတ်အတွင်း Yort နဲ့ စေ့စပ်တာ ဖြတ်သိမ်းပေးပါမယ် "

" အင်း  "

" Oon ကိုချစ်တဲ့ ကျွန်တော်အချစ်က စစ်မှန်ပါတယ် Oon ကလည်း ကျွန်တော်တစ်ယောက်တည်းကိုပဲ ချစ်ပေးပါ  "

" အချစ်စစ် ဟုတ်လား ပြောဖို့စောပါသေးတယ် kong မင်းအချစ်က စစ်မှန်လား အတုလား ဆိုတာ ငါ Yort ကို နိုင်မှ မင်း အချစ်စစ်နဲ့ ချစ်တာဆိုတာ ယုံပေးမယ် "

" ကျွန်တော်က Oon တစ်ယောက်တည်း အပိုင်ပါ  ကျွန်တော်ရဲ့  အချစ်ကို Oon ယုံအောင် သက်သေပြပါမယ် "

Next Trailer

Arthit   " ငါရှုံးပါတယ် Yort ငါတကယ်ကိုရှုံသွားပြီ မင်းနိုင်ပါတယ် "

အချစ်စစ်Where stories live. Discover now