Part 1
Arthit
ဒီနေ့ကျွန်တော်မွေးနေ့မို့ လို ဆိုင်မှာ သူငယ်ချင်း လေးယောက်က ရောက်နေပြီ သူတို့ကတော့ Aim ,Tew, bright, Nick တို့ဖြစ်သည် မလာသေးတဲ့သူရှီ နေသေးပါတယ် အမြဲတမ်း နောက်ကျနေတဲ့သူတစ်ယောက်
" Arthit ငါတို့ က ဗိုက်ဆာနေပြီ သူက မလာသေးပါလား "
" လူစုံမှ စားမယ်လေကွာ မင်းတို့ကလည်း စောင့်ပါအုန်း "
" ဟိုမှာ လာပါပြီ မင်းသားက "
" နောက်ကျသွားတယ် Sorry "
Kong ဝတ်လာတဲ့ အင်္ကျင်္ီကို ကြည့်ပြီး Nick က
" မင်းတို အသွင်တူအောင် ညှီများဝတ်လာကျလား အနက်ရောင်ဆင်တူနဲ့. "
Bright ကပါ
" တစ်ပတ်မှာ သုံးရက်လောက်က ဆင်တူဖြစ်နေတာ မရိုးသားဘူးနော် Arthit "
" ဘာမှညှီစရာလည်းမလိုဘူး အနက်ရောင်က ငါကြိုက်လို့ ဝတ်တာ Kong မင်းကလည်း ဘာလို့အနက်ရောင် ဝတ်လာရတာလဲ "
" မသိဘူးလေ နောက်မတူစေချင်ရင် ဖုန်းဆက်ကြိုပြောထား ဒီမှာ ကျွန်တော်ရဲ့  Birthday လက်ဆောင် "
" Arthit ဖောက်ကြည့်ဘာများလဲလို့ "
" ငါလိုချင်တဲ့ ဖုန်းပဲနေမှာ Samsung နောက်ဆုံးပေါ်လေ "
" ဟုတ်လား kong. "
Kong ခေါင်းညိတ်လိုက်သည်
" ပါကင်ပိတ်ထားတဲ့ ပစ္စည်းကိုလည်း မှန်းနိုင်တာပဲလား Arthit မင်းတို့ နှစ်ယောက်မဟုတ်တော့ဘူးနော် "
" ငါ ဒီဖုန်းကို လိုချင်နေတာ ကြာပြီ ငါမွေးနေ့မှာ ငါလိုချင်တာ တစ်ယောက်ယောက်ပေးမယ့်ဆိုတာလည်း သိပြီးသား မင်းတို ပေးတဲ့ မွေးနေ့လက်ဆောင်အကုန်လုံး ငါဖွင့်ကြည့်ပြီးပြီ ဖုန်းမပါဘူးလေ အဲ့ဒါကြောင့် kong ဆီက ရမယ့်ဆိုတာ ငါသိလိုက်တယ် အဲ့ဒါကြောင့် အလွယ်တကူမှန်းနိုင်တာ ငါလိုချင်တာတောင်းတရင် ရရမယ်လေ "
" တစ်ခါတလေ ကျရင် ဘဝမှာ မလိုချင်တာလည်း ရတက်တယ် Arthit အဲ့ဒီအခါကျရင်လည်း တန်ဖိုးထားရမယ်နော်. "
Kong အပြောဘာကိုဆိုလိုမှန်း ကျွန်တော်သိသည်
" ဗိုက်ဆာပြီ စားရအောင် "
ကျွန်တော်မွေးနေ့မှာ အားလုံးစားသောက်ပြီး ဆိုင်အပြင်ထွက်တော့
"Arthit "
" P လာကြိုတာလား "
" အင်း လာလဲကြိုရင်း အမှတ်တရလည်းလုပ်ပေးမလို့ "
" သူငယ်ချင်းတို့  ပြန်ပြီနော် မနက်ဖြန်ဆေးရုံမှာတွေ့မယ် "
Arthit ပြန်သွားတော့ Aim နဲ့ bright က
"ပါသွားပြီ ဟက်ထိတယ်ကွာ "
"သနားပါတယ် ကျန်ခဲ့သူအတွက် "
" မင်းတို့ ငါကို စနေတာလား "
"လုပ်မနေနဲ့ Kong မင်း Arthit ကိုကြွေနေတာ ငါတို့တွေ အကုန်လုံးသိတယ် "
" မဟုတ်ပါဘူး "
"မဟုတ်ဘူး လုပ်မနေနဲ့ပါနဲ့ ငါတို့မပြောနဲ့ ဆေးရုံတစ်ခုလုံးသိတယ် Arthit ကို မင်းအရမ်းဂရုစိုက်တာ "
သူငယ်ချင်းတွေပြောတာ မှန်ပါတယ် ကျွန်တော် Arthit ကိုအရမ်းဂရုစိုက်ပြီး Arthit နားမှာနေချင်လို့ စာတော်တဲ့ Arthit.ကို အမှီလိုက်ပြီး ဆေးလိုင်းရအောင်ယူပြီး ဆရာဝန်ဖြစ်အောင်လုပ်ခဲ့တာပဲ
YOU ARE READING
အချစ်စစ်
General Fictionအချစ်စစ် Intro Kongpob သူမှာကိုယ့်မကြိုက်တဲ့ အချက်တွေအများကြီးရှီတယ် သူကသွေးဆူလွယ်တယ် ဒေါသကြီးတယ် တဖတ်သားကို အနိုင်ရမှကျေနပ်တယ် ဒါပေမဲ့ ကိုယ့်က သူကိုပဲချစ်တယ် Arthit ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ကို ပစ်လိုက်တာလား တစ်ကောင်ကိုတော့သေစေ တစ်ကောင်ကိုတော့...