Part 4
Arthit
Kong နဲ့တွေရင် ရင်ခုန်မိတာ မှန်ပေမဲ့ စေ့စပ်ထားတဲ့ ယောက်ကျားတစ်ယောက်က ကျွန်တော်ကို ချစ်တယ်တဲ့လား
" သေချာလား kong. ငါကို ချစ်တယ်ဆိုတာ အတူနေ မြင်တွေ့ပါများပြီး စိတ်ကစားနေတာ မဟုတ်ဘူးလား "
" Oon ကျွန်တော်ကို စသိတာ ဆေးကျောင်း Final year မှာနော် "
" ဟုတ်တယ်လေ bright မိတ်ဆက်ပေးလို့ သိရတာ "
" တကယ်တော့ အဲ့ဒီထက်အများကြီး စောတယ် Oon အလယ်တန်းကတည်းကလို့  ပြောရင်ပိုမှန်မယ် အဲ့ဒီကတည်းက စာတော်ပြီး မာနကြီးတဲ့ Oon ကို ကျွန်တော်အရိပ်တကြည့်ကြည့်နဲ့ ကြည့်နေတာပါ Oon က ဆရာဝန်ဖြစ်ချင်နေတာလည်း သိခဲ့ရတယ် ပြီးတော့ Oon ကျောင်းပြောင်းသွားခဲ့တယ် ကျွန်တော် အင်ဂျင်နီယာ ဖြစ်ချင်ခဲ့တာပါ Oon , Arthit ဆိုတဲ့ ကောင်လေး တစ်ယောက်ကို ချစ်လွန်းလို့ ဆေးကျောင်းယူခဲ့တာပါ "
" အဲ့ဒါဆို ဘာလို့ Yort.နဲ့ စေ့စပ်တာတုန်း "
" ကျွန်တော် မိဘကို မလွန်ဆန်ခဲ့တာရယ် Oon နဲ့ ပြန်မတွေ့ရတော့ဘူးဆိုတာကြောင့်ရယ်ပါ "
" မိဘတွေကို မလွန်ဆန်နိုင်လို့ ဟုတ်လား kong
ချစ်တယ်ဆိုတဲ့စကားကို လွယ်လွယ်လေး မပြောပါနဲ့ အချစ်နဲ့ လက်ထပ်ခြင်းက တစ်ထပ်တည်း ကျရမယ် ငါကိုလက်ထပ်ရဲမှ ချစ်တယ်လို့ပြောပါ kong မင်းငါကို ရွေးချယ်လိုက်တာနဲ့ မင်းက အားလုံးကို စွန့်လွှတ်ရနိုင်တယ် "" လက်ထပ်ခြင်းနဲ့ အချစ် တစ်ထပ်တည်းကျရမယ် Oon ကတိပေးပါတယ် "
" မင်းပြောချင်တာ သိပြီမို့ ပြန်ရအောင် kong "
" ကျွန်တော်အတွက် အဖြေကရော့ "
" မင်းမွေးနေ့ကျရင် ငါအဖြေပေးပါမယ် "
@@@@@
Summy pov
ကျွန်တော်အိမ်ကို ထူးထူးဆန်းဆန်း အစောကြီးရောက်နေတဲ့ Arthit
" .မနက်စောစော အရမ်းပျော်တာပဲ Arthit. ကိုတွေ့ရလို့ "
" သူဖွင့်ပြောတယ် P "
" kong ကလား"
" ဟုတ်တယ် P အဲ့ဒါ ကျွန်တော် P ကို သိစေချင်လို့ လာပြောပြတာ "
" Arthit က kong ကို ချစ်နေပြီ မဟုတ်လား "
P အမေးကို ကျွန်တော် ပြန်မဖြေရက်ပေ
" ဆိတ်ဆိတ်နေခြင်းက ဝန်ခံခြင်း တစ်မျိုးပဲတဲ့ ချစ်ပါ Arthit ချစ်နိုင်ပါတယ် P နှောက်ယှက်မှာ မဟုတ်ဘူး ဒါပေမဲ့ P နောက်မဆုတ်ဖူး Arthit လက်မထပ်သေးသ၍ P နောက်မဆုတ်ဘူး အဲ့ဒါ Arthit သိထား "
" ဟုတ်ကဲ့ P ကျွန်တော်ကို နားလည်ပေးလို့ ကျေးဇူးတင်ပါတယ် "
" အဲ့ဒါဆို မျက်နှာ မှိုင်မနေနဲ့တော့ ဆေးရုံသွားတော့ P အကြိုအပို့ မလုပ်ပေးတော့ဘူးနော် "
ကျွန်တော် Pကို ပြုံးပြလိုက်ပြီး
"ဟုတ်ကဲ့ P "

YOU ARE READING
အချစ်စစ်
General Fictionအချစ်စစ် Intro Kongpob သူမှာကိုယ့်မကြိုက်တဲ့ အချက်တွေအများကြီးရှီတယ် သူကသွေးဆူလွယ်တယ် ဒေါသကြီးတယ် တဖတ်သားကို အနိုင်ရမှကျေနပ်တယ် ဒါပေမဲ့ ကိုယ့်က သူကိုပဲချစ်တယ် Arthit ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ကို ပစ်လိုက်တာလား တစ်ကောင်ကိုတော့သေစေ တစ်ကောင်ကိုတော့...